အချစ် နဲ့ မျက်ရည်
__________________" ဘယ်လောက်ရမှာလဲ? "
အေးစိမ့်သော Airconအခန်းက ရိပေါ်အသံကြောင့် အနည်းငယ် ပူစပ်ပူလောင် ဖြစ်လာသည်..။ ထိုသူက ရှေ့မှ ကျွတ်ဆတ်ဆတ်ကောင်ငယ်လေးကို ခနိုးခနဲ့ ကြည့်လိုက်ပြီး လက်ချောင်းအချို့ကို ထောင်ပြလိုက်တယ်..။ ရိပေါ်မှာ စိတ်လှုပ်ရှားသွားသော်လည်း အင်တင်တင် လုပ်နေဆဲ..။ ထိုသူကလည်း အထာနပ်သူပီပီ ကောင်းငယ်လေးအား လွတ်လပ်စွာ စဥ်းစားခွင့် ပေးထားသည်..။
ခဏကြာသော်..
" ကျစ်! "
စုတ်သတ်သံ သဲ့သဲ့နောက်မှာ ကောင်ငယ်လေးက ခေါင်းညိမ့်ပြီး..
"ကောင်းပြီ ခင်ဗျားကတိတည်ပါ "
ထိုသူက ထပ်ပြီးပြုံးတယ်..။
ဒီတစ်ခါ အပြုံးကအနည်းငယ် ကျောချမ်းဖွယ် ကောင်းနေသည်..။ ထို့နောက် ထိုသူက သူ့လက်အား ဆန့်ထုတ်ပေးရင်း.." ငါ့Products တွေအတွက် မင်းကောင်းကောင်း အလုပ်လုပ်ပေးဖို့ လိုတယ် Leo "
ရိပေါ်က သဘောတူသည့် အနေနဲ့ ထိုသူ့လက်အား ခဏတာ ဆုပ်ကိုင်လိုက်ပြီးမှ..
" ကျွန်တော်ဘက်က တောင်းဆိုစရာတွေ ရှိသေးတယ် "
ထိုသူ့က နှုတ်ခမ်းတွန့်ရုံပြုံးရင်း မျက်လွှာပင့်ကာ မေးလာတယ်..။
"ပြောကြည့်ပါ "
နှုတ်ခမ်းကို သွားနဲ့ဖွဖွကိုက်ပြီး ရိပေါ်ကအားတင်းတယ်..။ တစ်ခုခုလုပ်မယ် ကြံတိုင်း ရှောင်းကျန့်မျက်နှာ အတွေးထဲ ဝင်လာလို့ ခေါင်းကို ခါယမ်းမိပြန်တယ်..။ ပြီးနောက် ထိုလူနဲ့ အကြည့်ချင်းဆုံရင်း..
" ကျွန်တော် တောင်းဆိုချင်တာက.....! "
တစ်မိနစ်..
နှစ်မိနစ်..
သုံးမိနစ်..
သူ့စိတ်ထဲ လွန်ဆွဲနေတယ်..။ နောက်ဆုံးမှာတော့ လေးပင်စွာနှင့် ခေါင်းသာရမ်းမိရင်း.." တော်ပါပြီ မလိုတော့ပါဘူး ..."
အသံအက်အက်လေးက ခပ်ပါးပါးလေးတုန်ယင်နေတယ်..။ မျက်တောင် ပိတ်ပိတ်တို့ရဲ့အောက်မှာ မျက်ဝန်းတွေက ပုလဲရောင်လက်လို့..။ ထိန်းနေသည့်ကြားက လက်ခနဲ ခုန်ဆင်းသွားတဲ့ မျက်ရည်တစ်စက်သည် ပါးပြင်နုနုကို စိုနွေးစေသည်..။ လုပ်ချင်တာ လုပ်ခဲ့ပြီးပြီပဲ ဘာတွေ နောင်တရနေဦးမှာလဲ? ဘာတွေများ တောင်းဆိုနေဦးမှာလဲ ဝမ်ရိပေါ်ရယ် ။
YOU ARE READING
" အချစ် နဲ့ မျက်ရည် "
Fanfiction// ZhanYi // မင်းအကြောင်း တွေးမိတိုင်း မျက်လုံးတွေနာပြီး ရင်ဘတ်တွေ အောင့်ရတယ် ဝမ် ။ ငါ့နှလုံးသားကို နင်းချေခဲ့တယ့်မင်း ပျော်မှပျော်နေရဲ့လား? [ Xiao Zhan ] ငါ ဆိုတဲ့ကောင်က မင်းကြောင့်ပဲ ချစ်ဖူး ငိုဖူးလိမ့်မယ် ။ ဒါပေမဲ့ မင်းရှေ့မှာတော့ မျက်ရည်ကျပြမှာ...