အချစ်နဲ့မျက်ရည်
________________15 မိနစ်ခန့် Break time အချိန်တွင် ရှောင်းကျန့်မှာ စာအုပ်ထူတစ်အုပ်ကို စိတ်ပါ ဝင်စားစွာနဲ့ ဖတ်နေသလို သူ့စာသင်သားကတော့ Social media သုံးရင်း တ ဝေါင်းဝေါင်း ဖြစ်လို့နေတယ်..။ တစ်ယောက်ထဲ ကြည့်ရတာ အားမရတော့တဲ့ပုံနှင့်
" Wow အစ်ကို ဒီမှာကြည့်ကြည့် ရေလည်မိုက်တယ် "
" ဘာမို့လို့လဲ? "
ထိုစာသင်သားလေးက စိတ်အားထက်သန်စွာဖြင့် Tablet ကြီးကို သူ့ရှေ့ ထိုးပေးလာတာမို့ မျက်မှန်ကို နှာရိုးပေါ်ပြန်တင်ပြီး ကြည့်လိုက်တယ်..။ မြင်ကွင်းက ဘာ့မှမထူးဆန်း ။
အမျိုးသား အတွင်းခံကြော်ငြာဖြစ်ကာ ဗီရိုထဲမှ အတွင်းခံ ကာလာမျိုးစုံကို သွယ်လျလျ လက်လေးတစ်ဖက်က စိတ်ကြိုက် ရွေးချယ်နေသည့်ပုံစံ လုပ်ပြထားသည်..။" Underwear ကြော်ငြာတာပဲ ဘာများထူးဆန်း__ဟာ "
"အဟက် တွေ့တယ်မလား ဟီးး ဟီးး"
အသက်ရှူဖို့ကိုတောင် မေ့လျော့သွားသည်..။ Screen ပေါ်မှာ ထင်ဟပ်နေသည်က အဝတ်မပါသော လှလွန်းသည့် နောက်ကြောင်း ပြေပြေလေးပင် ။ မျက်နှာနဲ့ အပေါ်ပိုင်း ကို ဝါးတားတား လုပ်ထားသော်လည်း ပခုံးမကျဥ်းမကျယ် နှင့် အထက်အောက် ရွေ့လျားနေသော လည်စိထင်းထင်း ၊ နို့နှစ်ရောင် အသားအရည်နှင့် ခါးသိမ်သိမ်လေးတို့က ရှောင်းကျန့်နဲ့တော့ ရင်းနှီးလွန်းနေသည်..။
ထို့အပြင် Underwear ကြပ်ကြပ်ကို ဝတ်ပြထားတာတာကြောင့် တင်သားတို့က လုံးတစ်နေကာ ေခြ တံရှည်တို့နှင့် ထိုလူသားက ဝမ်ရိပေါ်နဲ့ သိပ်တူလွန်းတယ်ဟု မှတ်ယူချင်ပါသော်လည်း ခါးတွင်ထိုးထားသော X ပံုစံတတ်တူးက ထိုသူဟာ ဝမ်ရိပေါ်အစစ်ပါဟု ပြောနေသယောင်..။ ဟုတ်ပါတယ် ထိုသူဟာ ရှောင်းကျန့်ရဲ့ ချစ်လှစွာသော ဝမ်ပါပဲ..။
"အံမယ် အံမယ် ခုနတုန်းကတော့ ဘာများထူးဆန်းလဲဆိုပြီး ခု မျောသွားပြီမလား? "
ကျောင်းသားလေးက သူ့ကိုစနောက်လာသော်လည်း..
" ဒီနေ့တော့ ဒီလောက်ပဲ အစ်ကိုသွားစရာရှိလို့ "

YOU ARE READING
" အချစ် နဲ့ မျက်ရည် "
Fanfiction// ZhanYi // မင်းအကြောင်း တွေးမိတိုင်း မျက်လုံးတွေနာပြီး ရင်ဘတ်တွေ အောင့်ရတယ် ဝမ် ။ ငါ့နှလုံးသားကို နင်းချေခဲ့တယ့်မင်း ပျော်မှပျော်နေရဲ့လား? [ Xiao Zhan ] ငါ ဆိုတဲ့ကောင်က မင်းကြောင့်ပဲ ချစ်ဖူး ငိုဖူးလိမ့်မယ် ။ ဒါပေမဲ့ မင်းရှေ့မှာတော့ မျက်ရည်ကျပြမှာ...