Chapter (5)

1K 121 28
                                    

အချစ်နဲ့မျက်ရည်
_________________

ဝမ် နဲ့ သူရဲ့ သွေးအေးတိုက်ပွဲဟာ ပိုမို၍ ပြင်းထန်လာခဲ့သည်..။ အခန်းထဲမှာ ရှောင်းကျန့်တစ်ယောက်တည်း အိပ်စက်ရတာ ဒီနေ့နဲ့ဆို ၅ရက်တောင်ရှိပြီ..။

ချစ်သော ဝမ် က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က ဆင်းသွားလေခြင်းလား မပြောတတ်..။ ဝမ် သွားတတ်သည့် နေရာတိုင်းကို ရှောင်းကျန့်လိုက်ရှာသော်လည်း သတင်းအစအန ရှာမရပဲ လူကစိတ်ထောင်း ကိုယ်ကြေ ဖြစ်လာသည်..။

ခုလည်း အပြင်ကနေ အ​ပြေးအလွှား ပြန်လာကာ လှေကားထစ်တွေကို တတ်မလိုရှိသေးတယ် အိမ်ပိုင်ရှင်ဦးကြီးက လှမ်းခေါ်တာမို့..

" ရှောင်းကျန့် "

" ဗျာ!"

" အားနာပေမယ့် ဦးအခန်းက Aircon ကိုခဏလောက် လာကြည့်ပေးပါလား? "

" ကျွန်တော် စက်ပစ္စည်းတွေအကြောင်း သိပ်နားမလည်ဘူး "

ခေါင်းကိုကုတ်ပြီး ပြောလာသည့် ရှောင်းကျန့်အမူအရာက အားနာနေသည့်ဟန်..။ သို့ပေမဲ့ ထိုသူကတော့ မလျော့သောဇွဲဖြင့်..

" ခဏလေးပါပဲ "

" ဟို.."

အိမ်ရှင်မို့လို့ မငြင်းချင်တာနဲ့ပဲ အခန်းထဲ မဝင်ချင် ဝင်ချင် လိုက်ဝင်ရတော့သည်..။ ဧည်ခန်းထဲက Aircon ကို ရှောင်းကျန့်မှာ နားမလည် ပါးမလည်နှင့် လိုက်ကြည့်ပြီးမှ နောက်ဆုံးတော့ အဖြေတစ်ခုကို ရှာတွေ့တော့တယ်..။

"Aircon က ပိတ်ထားတာ မဟုတ်ဘူးလား? "

"အမ် ဟုတ်လား? "

" ဟုတ်တယ် ဒီမှာကြည့်အုံး "

Remote ပေါ်က ခလုတ်တွေကို နှိပ်ပြရင်း အပူအအေး စမ်းသပ်ခြင်းဖြင့် ရှောင်းကျန့်က အတည်ပြုတယ်..။

" ဟ ဟားး ဟုတ်သားပဲ "

မရယ်ရသည့် ပြက်လုံးကို အတင်းဟန်လုပ် ညှစ်ရယ် နေသလိုဖြစ်နေကာ အိမ်ပိုင်ရှင်ရဲ့ ဂနာမငြိမ်သော မျက်လုံးတွေကို ကြည့်ပြီး ရှောင်းကျန့်စိတ်ထဲ ထင့်လာသည်..။

" ဦးလေး ဧကန္တ...ကျွန်တော့်ကို တစ်ခုခုပြောစရာရှိတာလား? "

"အာ..အဲဒါက "

" အချစ် နဲ့ မျက်ရည် " Where stories live. Discover now