Chapter (6)

951 118 19
                                    

အချစ်နဲ့မျက်ရည်
________________

လည်ချောင်းတစ်လျှောက် ခါးသက်စွာ စီးဆင်းသွားသော ဝီစကီပြင်းများက ရှောင်းကျန့်အတွက်တော့ သောက်ရ ကောင်းမနေခဲ့..။  သို့ပေမဲ့ စိတ်တွေဝေဝါး ထွေပြားလာကာ ခန္ဓာကိုယ်ကလည်း အနည်းငယ် ပေါ့ပါးလို့ လာတယ်..။

DJ သံ မြူးမြူးနဲ့ မီးရောင်Slight မီးများက ပုရိသတို့၏ စိတ်ကို ခုန်ပေါက်ချင်စိတ် ပေါက်အောင် စေ့ဆော်နေသော်လည်း ရှောင်းကျန့်ကတော့ ဂျောင်ကပ်ကာ ငိုနေမိသည်..။ သူသည် ဝမ် နဲ့ ပတ်သက်ရင် ထိုသို့ ပြိုလဲလွယ်သူသာ..။

" မသောက်နိုင်ပဲနဲ့ တော်တော့ "

မျက်ရည်စက်လက် မော့ကြည့်မိတော့ ကိုယ်နဲ့သိသော အဖျော်ဆရာ ဖြစ်နေတာကြောင့်..

" ငါ့ကို လွှတ်ထားပေး.."

" ဟုတ်ပြီ မူးရင် မှောက်အိပ်လိုက် ငါ့မှာလည်းလုပ်စရာ ရှိသေးလို့ မင်းကို စောင့်မကြည့်နိုင်ဘူး"

" အင်းးအင်းး"

ခေါင်းကို လေးပင်စွာညိမ့်ပြီး ဘီယာတစ်ကျိုက် သောက်ချလိုက်တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ဇိုင်း က ခေါင်းခါသည်..။ဒီနေ့ဟာ သူနဲ့ရင်းနှီးတာ သုံးနှစ်အတွင်း ရှောင်းကျန့် မူးရူးနေတာတွေ့ရသော ပထမဆုံးနေ့ ဖြစ်လိမ့်မည်..။

"  ဇိုင်း ဒီမှာ ဖျော်ရည် လာစပ်ပေးအုံး "

"အေး လာပြီ "

" သွားစမ်းပါ ကျွန်တော် ဘာ့မှမဖြစ်ဘူးဆို"

ဇိုင်းကို ဆက်တိုက် နှင်ထုတ်ပြီး Dancing floor တွင် စည်းချက်မညီ ကနေသောလူများကို ရှောင်းကျန့် ငေးနေမိတယ်..။ ဝမ် က ခုန်ပေါက်ပြီး က ရတာ တအားကြိုက်တာလေ..။

သေးနုတ်နုတ် ဒီ Bar လေးက တစ်နှစ်အတွင်း ပြောင်းလဲသွားပုံက Classic ဆန်ဆန်ပင်..။ တစ်ချိန်က ဒီနေရာတွင် အထက်တန်း တတ်နေရင်း ညဘက်တွေမှာ အချိန်ပိုင်းလာလုပ်ဖူးသည်..။ တစ်နည်းပြောရရင် ဝမ် နဲ့  စတွေ့ခဲ့တာ ဒီBarမှာပေါ့..။ သို့ပေမဲ့ စတွေ့ချိန်တုန်းကလည်း ဝမ် က တစ်ပါးသူရဲ့ ရင်ခွင်ထဲမှာပါပဲ..။

ကြွေနေပြီးသား ပန်းတစ်ပွင့်ကို ပင်မြင့်မှာ တင့်စေချင်တဲ့ သူ့ဆန္ဒတွေက ဟာသသက်သက်ပဲ ထင်ပါရဲ့..။ အချိန်တန်တော့လည်း ဝမ် က ဇာတိပြကာ မြေပေါ်သက်ဆင်း လာတာပဲလေ..။

" အချစ် နဲ့ မျက်ရည် " Where stories live. Discover now