## Unicode ##
အချစ်နဲ့မျက်ရည်
_________________ဲ
" ဘယ်သူက မင်းလိုငမွဲမျိုးနဲ့ အတူတူနေချင်မှာလဲ? ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့ ငါတို့ ပြောပြီးပြီထင်တာပဲ "ဝမ့် နှုတ်ခမ်းဖူးဖူးလေး က မဲ့ကာရွဲ့ကာနဲ့ ထွက်ကျလာသော စကားတိုင်းက ဓားချက်တွေလို ရှောင်းကျန့်ရင်ထဲ စိုက်ဝင်လာသည်..။
"ပြာပုံထဲထိုးပြီးမှ ပြန်ရှင်တာဆိုလို့ ဖီးနစ်ငှက်ပဲ ရှိတယ် ငါက ဝမ်ရိပေါ် ဖီးနစ်ငှက် မဟုတ်ဘူး "
" ဖီးနစ်ငှက် မဟုတ်ပေမယ့် ငါကတော့ မင်းနဲ့အတူ တစ်ကိုင်းတည်းနားပြီး တစ်ရေထဲသောက်တဲ့ ကြိုးကြာမောင်နှံ ဖြစ်ချင်ခဲ့တာ Sob မသွားပါနဲ့ ဝမ်ရယ် ကျေးဇူးပြုပြီးတော့.."
ရှောင်းကျန့်က ရှိုက်သံနှောပြီး ပြောလိုက်သော်လည်း ရိပေါ်ကတော့ ပြက်လုံးတစ်ခု ကြားလိုက်သလို ရယ်သည်..။
" ဟားး ဟားး စာချိုး ပေချိုးကြီးနဲ့ ပြောနေပါရောလား စိတ်ပျက်စရာပဲ ဖယ်စမ်းကွာ"
" ဟင့်အင်း မသွားပါနဲ့ "
နောက်ကျော ပြေပြေလေးကို ပွေ့ကာတားဆီးလိုက်ပေမယ့် ချစ်သော ဝမ် က အားပါပါနဲ့ တံတောင်နှင့် တွတ်လွှတ်ပြီး..
" တွယ်ကပ်မနေစမ်းနဲ့ မင်းကြောင့် ငါ့လမ်းငါဖောက်လို့ မရဘူး ကျေးဇူးပြုပြီး တော်လိုက်ပါတော့ ရှောင်းကျန့်ရာ ကျစ်! စိတ်ပျက်စရာ ကောင်းချက်ပဲ "
" ဝမ်! "
သူ့မျက်နှာထက်က မျက်ရည်ဥတွေ အတွက် ဝမ့်ဆီက ပြန်ရလိုက်တဲ့ တန်ကြေးက စကားကြမ်းများနှင့် မဲ့ပြုံးတစ်ခုသာ..။ ငါ့ရဲ့ခံစားချက်တွေက မင်းအတွက် ဒီလောက်ပဲ ထိုက်တန်တာလား ဝမ် ရယ်..။
" ဝမ်..!မသွားပါနဲ့နော် "
Dj သံမြူးမြူး ၊ ရောင်စုံမီးရောင် တစ်လက်လက်အောက်မှာ လူအများက ကိုယ့်အာရုံနဲ့ကိုယ်..။ အနီးနားက လူတစ်ချို့ကတော့ သူတို့နှစ်ယောက်အား ကွက်ကြည့်ကွက်ကြည့်နဲ့..။ ရိပေါ်မှာ သူ့ခါးအထက် ရစ်တွယ်ထားတဲ့ ရှောင်းကျန့် လက်ချောင်းတွေကို လက်သည်းနဲ့ ထိုးဆိတ်ကာ ဖြုတ်ချတယ်..။ သွေးစို့နေတယ့် လက်ဖမိုးတွေက ဇွဲကောင်းစွာပင် ခုထိ သူခါးကို တင်းတင်း ဖိဖက်ထားတုန်း..။ ဘာလို့ခက်ခဲအောင် လုပ်နေတာလဲ ကျန့်ရာ..။
![](https://img.wattpad.com/cover/320730636-288-k827930.jpg)
ŞİMDİ OKUDUĞUN
" အချစ် နဲ့ မျက်ရည် "
Hayran Kurgu// ZhanYi // မင်းအကြောင်း တွေးမိတိုင်း မျက်လုံးတွေနာပြီး ရင်ဘတ်တွေ အောင့်ရတယ် ဝမ် ။ ငါ့နှလုံးသားကို နင်းချေခဲ့တယ့်မင်း ပျော်မှပျော်နေရဲ့လား? [ Xiao Zhan ] ငါ ဆိုတဲ့ကောင်က မင်းကြောင့်ပဲ ချစ်ဖူး ငိုဖူးလိမ့်မယ် ။ ဒါပေမဲ့ မင်းရှေ့မှာတော့ မျက်ရည်ကျပြမှာ...