## Unicode ##
အချစ်နဲ့မျက်ရည်
________________" မင်း ထွက်သွားတော့မလို့လား? "
" အင်း တစ်နှစ်လောက် စိတ်ကိုအနားပေးလိုက်ရင် အဆင်ပြေသွားမှာပါ မင်းစိတ်ပူစရာမလိုဘူး ဇိုင်း"
" ဇာတိကိုပြန်မှာပဲမလား? "
" ဟုတ်တယ် ချုံချင်း ကိုပြန်မှာ အားရင်လာလည်ပေါ့ "
ပိုင်ဆိုင်တဲ့ ပစ္စည်းအနည်းငယ်ကို ေကျာပိုးအိတ်ထဲထည့်နေရင်း ရှောင်းကျန့်မှာဇိုင်းးအား နှုတ်ဆတ်စကား ပြောနေခြင်းဖြစ်သည်..။ အိမ်ရှင်ဦးလေးကြီးရဲ့ အပေးအယူကိုလည်း သူလက်မခံနိုင်သလို ပေကျင်းမှာ ဆက်နေစရာ အကြောင်းလဲ ရှိမနေတော့တာမို့ ကျောပိုးအိတ်ကို ပခုံးပေါ်ဆွဲတင်လိုက်ပြီး..
" ငါသွားပြီ "
ဇိုင်းး က မျက်ရည်အဝိုင်းသားနဲ့ သူ့အား ပွေ့ဖက်လာခဲ့ပြီး
" အေးပါကွာ ကျန်းမာရေး ဂရုစိုက်အုံး "
" အင်း အင်း "
ပြောစရာရှိတာ ပြောပြီး အခန်းထဲက ခပ်မြန်မြန်ပဲ ထွက်လာလိုက်တယ်..။ ပလက်ဖောင်းပေါ် ခပ်ဖြေးဖြေး လမ်းလျှောက်နေကာ သုံးနှစ်တာကုန်ဆုံးခဲ့သော ပေကျင်းမြို့ရဲ့ အငွေ့အသက်ကို ခံစားမိတယ်..။
ငါ့ရဲ့အချစ်..
ငါ့ရဲ့ဘဝ စတင်ခဲ့သော ဒီမြို့..။ငါ့ရဲ့ဘဝ
ငါ့ရဲ့အချစ်ကို ဖျက်ဆီးခဲ့တာကလည်း ဒီမြို့ပဲဖြစ်နေပြန်သည်..။အဟက်!
ဘဝကြီးက ဝတ္ထုဆန်လွန်းလိုက်တာ နောက်ဆုံးတော့ ဒီမြို့ထဲကနေ သူထွက်သွားရတော့မှာတဲ့လေ..။အတွေးထဲ မျက်နှာလုံးလုံးလေး ေပါ်လာတော့ ခေါင်းခါကာ ရှောင်းကျန့်က မောင်းထုတ်သည်..။
ဟင့်အင်း..!
ဆက်မတွေးသင့်ဘူး..။
တော်လောက်ပြီ..။
ငါ မင်းကို ကျိန်းသေပေါက် မုန်းပစ်မှာ ဝမ်..။________
" Leo တံခါးဖွင့်အုံး "
တံခါးကို တစ်ဒုန်းဒုန်း ထုရိုက်နေတာမို့ ရေချိုးခန်းထဲကနေ ကပျာကယာ ထွက်လာလိုက်ပြီး..

KAMU SEDANG MEMBACA
" အချစ် နဲ့ မျက်ရည် "
Fiksi Penggemar// ZhanYi // မင်းအကြောင်း တွေးမိတိုင်း မျက်လုံးတွေနာပြီး ရင်ဘတ်တွေ အောင့်ရတယ် ဝမ် ။ ငါ့နှလုံးသားကို နင်းချေခဲ့တယ့်မင်း ပျော်မှပျော်နေရဲ့လား? [ Xiao Zhan ] ငါ ဆိုတဲ့ကောင်က မင်းကြောင့်ပဲ ချစ်ဖူး ငိုဖူးလိမ့်မယ် ။ ဒါပေမဲ့ မင်းရှေ့မှာတော့ မျက်ရည်ကျပြမှာ...