7

2.3K 261 8
                                    

     janeဟာနောက်ပိုင်းမှာအမှုတွေစစ်ဆေးပြီးတရားသူကြီးတစ်ယောက်အနေဖြစ်ဖို့တရားသူကြီးစာမေးပွဲအတွက်အလုပ်တွေရှုပ်နေခဲ့သလောက်babyဟာတော့ရန်တွေဖြစ်ကာအပျော်အပါးတွေသာလိုက်စားနေသည်။

    ' lalisa...ရန်ဖြစ်ပြန်ပြီလား နှုတ်ခမ်းမှာလည်းကြည့်စမ်းဒဏ်ရာတွေနဲ့..'

    ' ကလေးကိုဖြေးဖြေးဆူပါ..'

    ' မိန်းမမင်းနေရာတကာကာကွယ်ပေးမနေနဲ့..'

    Janeလည်းတရားရုံးကနေပြန်ရောက်ရောက်ခြင်း babyရန်ဖြစ်တဲ့သတင်းကြောင့်babyဆီကိုသာလာခဲ့လိုက်တယ် အိမ်ရောက်တော့လည်းuncleဆူနေတာကြောင့်ဘာမှဝင်မပြောတော့ဘဲbabyကိုသာထိုင်ကြည့်နေခဲ့တယ် သူတကယ်အရင်လိုစကားနားမထောင်တော့ဘူး...jane babyကိုlessonပေးဖို့အချိန်ကျပြီထင်ရဲ့...uncleတို့ဆူပြီးအခန်းထဲဝင်သွားတာနဲ့babyဟာjaneအနားရောက်လာတယ်..။

   ' မ ပြန်လာပြီလား ဒီနေ့ပင်ပန်းနေပြီလား..'

     babyမှီလာတာကြောင့်babyမျက်နှာကိုသေချာကြဘ့်လိုက်ကာ

    ' ပြောပါအုံးရန်ဖြစ်ရတဲ့အကြောင်းပြချက်..'

    ' ဟင့်အင်း...'

     ' အဲ့လိုအကြောင်းပြချက်ရေရေရာရာမရှိဘဲရန်ဖြစ်လို့ရရောလာlalisa...'

     တစ်ခါမှမခေါ်ဖူးတဲ့နာမည်အရင်းကိုခေါ်လိုက်တာကြောင့်babyဟာjaneလက်တွေကိုစုပ်ကိုင်လာတယ်..။

    ' မ...စိတ်ဆိုးနေတာလားဟင် babyနောက်ဆိုထိန်းပါမယ်နော်စိတ်မဆိုးနဲ့နော် မ..'

   ' အဲ့လိုတွေကဘယ်နှစ်ခါရှိနေပြီလည်း..'

   ' မ...liliကတိပေးပါတယ်နော်..'

   ' မင်းအကျင့်တွေကိုမင်းမပြင်သရွေ့တို့တွေလမ်းခွဲမယ်lili...တို့ဆက်မတွဲတော့ဘူး..'

   ' မ ..အဲ့လိုမရက်စက်နဲ့ကွာ babyမခံစားနိုင်ဘူးလေ လမ်းမခွဲဘူးနော်..'

   ' ဟင့်အင်း မင်းကတို့ကိုစိတ်ညစ်စေတယ်lili မင်းအကျင့်တွေကိုလည်းမင်းမပြင်ဘူး တို့တွေလမ်းခွဲမယ်တို့ဆီထပ်မလာနဲ့တော့..'

      jane liliအိမ်ကနေထွက်လာလိုက်တယ်အမှန်တော့janeလည်းအခုလိုမလုပ်ချင်ပါဘူးဒါမှမဟုတ်ရင်babyဟာသူ့အချိုးတွေကိုပြင်တော့မှာမဟုတ်တာjaneသေချာသိနေသည်...။

SinnerWhere stories live. Discover now