24

2.3K 263 11
                                    

At morning

     jane babyလက်လေးကိုကိုင်ကာမျက်ရည်တွေကျမိပြန်သည် ဘာကြောင့်များကလေးငယ်ကအခုလိုတွေခံစားနေရတာလည်း ဘာကြောင့်များဒီလိုအဖြစ်အပျက်တွေကလေးငယ်ဆီမှာဖြစ်လာရတာလည်း ဒီလောက်ဖြူစင်တဲ့ကလေးဟာဘာအမှားများရှိခဲ့လိုလည်း တိရစ္ဆာန်လေးတွေဒဏ်ရာရ‌ရင်တောင်မကြည့်ရက်တဲ့lili၊ သူကိုရန်စတဲ့သူများနဲ့ရန်ပွဲတွေသာဖြစ်နေပေမယ့်သူအနားမှာရှိတဲ့သူတွေကိုဆိုကြင်နာလွန်းတဲ့lili ဘာကြောင့်များလည်းကွယ် တို့ချစ်ရတဲ့ကလေးကိုဘာတွေများဒဏ်ရာရာစေခဲ့တာလည်း....။
   
    janeငိုနေရင်းပင်....

    ' ကြောက်တယ်...အဟင့်...အဟင့် omma liliကိုကယ်ပါliliကြောက်တယ်....မမ liliကြောက်တယ် မလုပ်ပါနဲ့....တောင်းပန်ပါတယ်...အားး မလုပ်ပါနဲ့.....'

      မျက်လုံးမှိတ်နေရင်းပင်မျက်ရည်တွေကျကာbabyနှုတ်ဖျားကာရွတ်ဆိုလာတဲ့စကားလုံးတွေကြောင့်jane babyပုခုံးလေးကိုအသာအယာကိုင်မိသည်...။

    ' baby...baby ကလေးလေး သတိထားပါအုံး....'

     ထိုကာမှကလေးဟာမျက်စိဖွင့်လာသည် သူမျက်ဝန်းတွေဟာနီရဲနေတာဘဲတစ်ခုခုကိုကြောက်နေပုံပင်...။

     ' မမ '

    Babyမျက်ရည်တွေကြောင့်babyကိုjaneရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးကိုယ်တိုင်မျက်ရည်ကျနေမိသည် babyဟာဘာစကားမှာမပြောဘဲjaneရင်ခွင်ထဲမှာငိုနေရှာသည် ။

     ' ကလေးလေးဘာဖြစ်လည်းဟင် တို့ကိုပြောပြမလား....'

     ကလေးဟာခေါင်းကိုခါယမ်းကာပြန်လှဲသွားသည်....ကြည့်ရတာစကားမပြောချင်သေးပုံပင်....။

     ' မမ ဆရာဝန်သွားခေါ်လိုက်အုံးမယ် ခနစောင့်နေနော်.'

    ' nae...'

     ကလေးကိုအခန်းထဲမှာခနထားခဲ့ကာလူကြီးတွေကိုအသိပေးဖို့janeအမြန်ထွက်လာရသည်။

      ထွက်သွားတဲ့ မမ ကျောပြင်လေးကိုကြည့်ကာliမျက်ရည်ကျနေမိသည် ကြောင့်များ မမ ရယ် liကိုချစ်နေရသေးတာလည်း အမှန်ဆိုမုန်းမေ့ပစ်လိုက်သင့်တာ ဒါဆို မမ liလိုလူကိုမလိုအပ်တော့ဘူးပေါ့ liက မမ နဲ့တောင်မတန်ပါဘူး....။

SinnerWhere stories live. Discover now