21

2.1K 255 19
                                    

Flashback start

      ' ဟဲ့ နင်ကသူဌေးသမီးဆို ဘာလည်းငါတို့ကိုအဖက်မလုပ်တာလား....'

      စားပွဲရှေ့ကကောင်မလေးဟာဘာစကားမှထွက်မလာ..။

     ' ဟဲ့...သူမေးနေတယ်နင်ဖြေလိုက်လေ sakuraလားဘာလား  ဟဲ့နင်နားမကြားဘူးလား...'

      Sakura ဟုတ်သည် သူမကလွန်ခဲ့တဲ့အပတ်ကမှယန်ဟွာအထက်တန်းကျောင်းကိုပြောင်းလာတဲ့ကိုရီးယား-ဂျပန်ကပြားကျောင်းသူလေး...သူမကအလွန်အရှက်အကြောက်ကြီးတက်ပြီး လူတွေကိုကြောက်တက်သူဆိုလည်းမမှားပါဘူး...အခုတော့ကျောင်းအသစ်ပြောင်းတဲ့ထုံးစံအတိုင်းအုပ်စုဖွဲ့အနိုင်ကျင့်ခြင်းကိုခံနေရတာပေါ့ ဖြစ်နေတာကတော့ကျောင်းနားကပဲခေါက်ဆွဲဆိုင်တစ်ခုမှာ..။

    ' ရား...ဒီကောင်မစုတ်ငါ့ဒေါသတွေကိုလာစွနေတာဘဲ မနေ့တနေ့ကမှကျောင်းပြောင်းလာတဲ့ ပိန်ညှောင်ရိုးကများ...'

     ထိုကောင်မလေးကရိုက်ဖို့လက်ပြင်လိုက်ပေမယ့်အသံတစ်ခုကြောင့်ရပ်တန့်သွားသည်...ထိုအသံပိုင်ရှင်ကိုsakuraတစ်သက်မေ့မရခဲ့ပါဘူး..။

     ' ရား ကိုယ့်ကျောင်းကကျောင်းသူအချင်းချင်းပြန်အနိုင်ကျင့်နေတာလား...'

       တဖက်ဝိုင်းကထိုအသံပိုင်ရှင်ကြောင့် အနိုင်ကျင့်တဲ့အုပ်စုဆီကအသံတိုးတိုးကိုsakuraကြားလိုက်ရသည်..။

    ' Ya အဲ့တာlalisa မဟုတ်လား..'

    ' ငါတို့သူနဲ့ညှိလို့မရဘူးနော် သူကအရမ်းဒေါသကြီးတာ ငါတို့သွားကြမယ်....'

     lalisa....lalisaတဲ့လားSakuraကိုကယ်ပေးတဲ့သူနာမည်က တဖြည်းဖြည်းsakuraတို့ဝိုင်းအနားကိုလှမ်းလာတဲ့ခြေလှမ်းများ.။

    ' ဘာလည်းနင်တို့ကမသွားသေးဘူးလား ငါကိုယ်တိုင်ကျောင်းးအုပ်ရုံးခန်းထဲဂုတ်ဆွဲခေါ်သွားရမှာလား..'

       Sakuraသေချာကြည့်လိုက်မိသည် ယောကျာ်းလေးနှစ်ယောက်ကြားမှာရပ်နေလို့သာပုတယ်ထင်ရပေမယ့်မိန်းကလေးတစ်ယောက်အနေနဲ့ဆိုအတော်လေးမြင့်မားတဲ့အရပ်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ခပ်ချောချောကောင်မလေးတစ်ယောက် သူ့လက်ထဲမှာလည်းbasketballနှင့်ကြည့်ရတာသူကbasketballဆော့တာထင်သည် ။

SinnerWhere stories live. Discover now