15

2.5K 272 15
                                    

အခန်းထဲမှာjaneတစ်ယောက်တည်းထိုင်ကာငါးနှစ်ကြာလောက်သိမ်းထားတာဖြစ်တဲ့ပုံးအဟောင်းလေးတစ်လုံးရှေ့မှာထိုင်ကာမျက်ရည်တွေဝဲနေမိတယ် လွန်ခဲ့တဲ့ငါးနှစ်တုန်းကဒေါသထွက်စွာအမှတ်တရတွေကိုထည့်သိမ်းခဲ့တဲ့ပုံးလေး babyနဲ့janeရဲ့အမှတ်တရတွေထိုပုံးထဲမှာရှိလေသည်။

    အခုတော့ပြန်ဖွင့်တော့မယ်လေ စောင့်ထိန်းခဲ့တဲ့ကာလတွေကအလကားသက်သက်အရေးမပါတာတွေမှန်းjaneသိခဲ့ရပြီလေ...ပထမစစဖွင့်ချင်းဘဲ အမှတ်တရတွေကိုမြင်လိုက်ရ‌တာကြောင့်janeငိုလိုက်မိတယ် အနီရောင်မာဖလာလေးကိုကိုင်ပြီးအတွေးတွေဟာဆောင်းရာသီတစ်ခုမှာ

     janeအေးမှာဆိုးလို့သူကိုယ်တိုင်အပင်ပန်းခံပြီးမာဖလာထိုးပေးခဲ့တဲ့baby သူကျွမ်းကျင်တဲ့အရာမဟုတ်လို့သိပ်တော့မသပ်ရပ်ပေမယ့်janeမှာတန်ဖိုးထားခဲ့ရတာသူပြောခဲ့တဲ့စကားလေးမှတ်မိပါသေးရဲ့....

     ' မ ရာသီဥတုကအေးတယ်နော် ဒီမာဖလာလေးပတ်ထားဟုတ်ပြီလား..'

   ' ဟင် baby ဒီမာဖလာကဘယ်တုန်းကဝယ်လိုက်တာလည်းဟင်...'

   ' မဝယ်ပါဘူးနော် ဆောင်းရာသီရောက်ပြီဆိုတော့ မ အတွက် babyကိုယ်တိုင်ထိုးထားတာကျောင်းမှာမိန်းကလေးတွေထိုးတက်တယ်ဆိုလို့သင်ပြီးထိုးထားတာready-madeတွေလိုအရမ်းကြီးတော့မသပ်ရပ်ပေမယ့်လည်း ပထမဆုံးဆိုတော့လေ မ ကိုပေးချင်လို့..'

    အားတုံ့အားနာလေးပြောနေတဲ့babyဖက်လိုက်တော့babyဟာအံ့သြသွားပုံပင်...

    ' မ သဘောကျတယ်baby ကျေးဇူးပါနော် တို့ဒါလေးကိုတန်ဖိုးထားပါ့မယ်'

    ' ဟုတ် မ..ဒါနဲ့လေဒီနေ့တစ်ခုခုမေ့နေတယ်မထင်ဘူးလားဟင်...'

    ' ဘာလည်းဟင်ကလေးလေး ..'

      ' နမ်းဖို့လေ မမ ရဲ့ '

     janeခါးကိုဆွဲကာနမ်းလာတဲ့babyအနမ်းတွေအားကျေနပ်စွာjaneတုံ့ပြန်လိုက်တယ်..အဲ့နေ့ကခြံထဲမှာjaneတို့အနမ်းတွေရှည်ကြာခဲ့ပါတယ်...။

     'baby....တို့တောင်းပန်ပါတယ်ကွာတို့ကအသုံးမကျခဲ့တာ babyနဲ့အမြဲအတူရှိနေရက်နဲ့babyကိုမယုံကြည်ခဲ့မိတာတို့အမှားတွေပါကွာ..'

SinnerWhere stories live. Discover now