27

2.1K 253 8
                                    

     ခနအကြာမှာjiပြန်လာပြီးjaneနဲ့liအတွက်ညစာပေးကာဆေးတွေပေးခဲ့ပြီးပြန်ဖို့ပြင်သည်...။

      ' li ညအိပ်ချိန်ကျမှunnieလာခေါ်တော့မယ်နော်....'

  .' ဟုတ် unnie...'

   ' အင်း ဒါဆိုကောင်းကောင်းနေခဲ့ကြနော်...'

    ' အင်း ji....'

     jiထွက်သွားတော့ကလေးဟာသူ့အတွက်ပြင်ပေးထားတဲ့ညစာကိုသေချာစားနေပြီး

  . ' unnie ညစာစားတော့လေအချိန်လွန်နေပြီ...'

      janeကုတင်ပေါ်ကစားပွဲပေါ်ကိုညစာတွေတင်ပေးကာပြောလာတဲ့babyကိုကြည့်လိုက်ရင်းjaneညစာကိုစားဖို့ပြင်လိုက်တယ် ဒါbabyနဲ့ပြန်တွေ့ပြီးကတည်းကနှစ်ယောက်တည်းအတူထမင်းစားရတာမဟုတ်လား ဆေးရုံမှာဆိုပေမယ့်လည်းbabyနဲ့နှစ်ယောက်တည်းဆိုတဲ့အသိနဲ့janeပျော်ရပါတယ် တစ်ဆက်တည်းမှာဘဲအရင်ကကလေးငယ်ရဲ့ပုံစံလေးတွေကိုjaneလွမ်းသည် အရမ်းကလေးဆန်တဲ့ကလေးလေးကအခုတော့အရမ်းအလိုက်သိတဲ့ကလေးလေးဖြစ်နေပြီ တို့သဘောမကျဘူးbaby တို့အရင်ကbabyပုံစံလေးဘဲပြန်လိုချင်မိတယ် ဒါပေမယ့်မဖြစ်နိုင်ဘူးဆိုတာတို့သိတယ်baby...။

      ညစာစားပြီးတော့babyဟာ ထမင်းပန်းကန်တွေကိုသိမ်းပေးသည် janeကတော့babyကိုသာငေးကြည့်နေမိသည် janeတို့အတူမရှိတာအတော်ကြာပြီမို့ babyဟာအရင်ကပြုလုပ်နေကြအပြုအမူတွေကိုမေ့နေပုံပင်...။

      ' baby....'

    ' ပြောလေ unnie '

    ' တို့ကိုမနမ်းဘူးလားbaby....'

    မျက်ရည်တွေကြည်လဲ့နေတဲ့မျက်ဝန်းနှင့် မမ ဟာliကိုကြည့်လာသည် မမ ပြောတဲ့အဓိပ္ပာယ်ကိုliသိပါသည် ဒါပေမယ့်အခြေအနေတွေကအရင်နဲ့မှမတူတာ.....။

    .' liတို့အ‌ခြေအနေကအရင်လိုမဟုတ်တော့ဘူးလေ...'

     ' ဒါဆိုဘာတွေပြောင်းလဲသွားတာလည်းbaby...babyတို့ကိုပြောပြနိုင်မလားဟင် အရင်လိုမဟုတ်တော့ဘူးဆိုတဲ့babyပြောတဲ့အဓိပ္ပာယ်ကိုတို့သဘောမပေါက်ဘူးကလေးရယ်...'

    liဘာများဆက်ပြောနိုင်မလည်း  ငယ်ငယ်ကတည်းက unnie ရင်ခွင်မှာနေခဲ့ရသူက unnie ရင်ခွင်နဲ့ဝေးတဲ့နေရာမှာဘယ်လောက်ခက်ခဲကြောင်း၊ အိမ်ကိုလွမ်းလွန်းလို့ သေမတက်ငိုဖူးကြောင်း၊ ကိုယ်ကိုကိုယ်သတ်သေဖို့ခနခနကြိုးစားခဲ့ဖူးကြောင်း မမ ကိုliဘယ်လိုပြောပြရမလည်း နောက်ပြီးlisaဆိုတာအရင်လိုသာမာန်ဘဝနဲ့lisaမဟုတ်တော့ကြောင်း liဘဝမှာနာကျင်စရာ‌တွေများလှပါပြီ..liliထိုအကြောင်းတွေကို unnie အားဘယ်လိုအင်အားမျိုးနှင့်ပြောရပါ့...unnie မျက်ဝန်းတွေနဲ့တင်liliဟာကျရှုံးနေပြီးသားလူပါ ။

SinnerWhere stories live. Discover now