40

540 17 1
                                        

လက်ထပ်ပြီးသုံးလအကြာ

ဒီတလောအတွင်းပြောင်းလဲမှုတွေများခဲ့သည် အိမ်ထောင်ရှင်ဆိုတဲ့ခေါင်းစဥ်အောက်မှာjaneတို့ပိုပျော်ရွှင်လာကြသည် နေ့တိုင်းjaneပြင်ထားတဲ့မနက်စာကိုbabyဟာသေချာစားကာနှစ်ယောက်အလုပ်အတူသွားကြသည် ညနေဘက်ကျရင်စျေးဝယ်ပြီးစားချင်တာလေးတွေချက်စားဖြစ်သည် ။

နှစ်ယောက်လုံးအလုပ်တွေရှုပ်လို့စကားသိပ်မပြောနိုင်ရင်တောင်ညကျရင်တော့စကားတွေအများကြီးပြောဖြစ်ကြသည် babyဟာတဖြည်းဖြည်းရင့်ကျက်တဲ့လူကြီးလေးအသွင်ပြောင်းလာသည် အိမ်မှာတော့အခုထိကလေးလုပ်လို့ကောင်းတုန်း နောက်ပြီးjaneတို့ကလေးရအောင်ကြိုးစားနေကြသည် ။

အထူးသဖြင့်janeမိခင်တစ်ယောက်ဖြစ်ချင်နေလေပြီbabyရဲ့ဇနီးမယားတစ်ယောက်အနေနှင့်babyနှင့်တူတဲ့ကလေးလေးတွေလိုချင်သည် အသက်အရွယ်အားဖြင့်လည်း30စွန်းနေပြီမို့ကလေးလိုချင်တာတော့မဆန်းတော့ပေ။

' baby တို့တွေဒီညနေဘာစားကြမလည်း ညစျေးပွဲသွားမလား '

' ဂင်ချီဟင်းရည်နဲ့တော့ပိုကီစပ်စပ်လေးစားချင်တယ်ဝက်နံရိုးဟင်းရည်လည်းသောက်ချင်သေးတာbabyက '

' ဒါဆို မ တို့လိုအပ်တာတွေသွားဝယ်ကြတာပေါ့ '

' ဟုတ် မမ '

အိမ်ပြန်ကားလေးပေါ်မှာသီချင်းလေးညဥ်းရင်းစျေးဝယ်ကာအိမ်ပြန်ခဲ့ကြသည်။

' babyခနထိုင်နေအုံး တို့ညစာပြင်အုံးမယ် '

'ဟုတ် မမ '

janeညစာပြင်လို့တစ်နာရီလောက်အကြာမှာအကုန်ချက်ပြီးခဲ့သည်တော်သေးတာကbabyဟာဝက်နံရိုးကြိုက်လို့အမြဲအဆင်သင့်ရေခဲသေတ္တာထဲရှိတာပင် ။

' မွှေးနေတာဘဲညစာပြင်ပြီးပြီလားဟင်'

.'ပြင်ပြီးပြီbaby '

' ထားလိုက်တော့လေbabyထည့်ခဲ့မယ်သွားထိုင်နေ '

' အင်းbaby '

janeစားပွဲမှာထိုင်ကာbabyယူချပေးတဲ့ဟင်းတွေကိုအတူစားဖို့ထိုင်စောင့်နေခဲ့သည်။

' ရပြီ မမ စားရအောင်လား '

' babyဒါလေးစားကြည့် မ ချက်ထားတာအဆင်ပြေရဲ့လား '

SinnerDonde viven las historias. Descúbrelo ahora