janeမနက်ကတည်းကsakuraဆိုတဲ့မိန်းကလေးနှင့်ကလေးငယ်စကားပြောတာကိုထိုင်ကြည့်နေတာပင် ထိုမိန်းကလေးဟာliliနဲ့အထက်တန်းကတည်းကသူငယ်ချင်းတဲ့လေ တကယ်ဘဲအခုလောက်ထိရင်းနှီးနေစရာလိုပါလား...။
' Sakura Toiletခနသွားလိုက်အုံးမယ်နော်liliခနနေပြန်လာခဲ့မယ်...'
' nae....'
sakuraအခန်းပြင်ထွက်သွားတော့..။
' Babyနဲ့သူနဲ့ကဘယ်လိုပက်သက်မှုမျိုးလည်း....'
babyဟာjaneကိုကျောခိုင်းကာ...။
' unnieနဲ့မဆိုင်ပါဘူး...'
' baby......'
janeအော်လိုက်တာကြောင့်babyခန္ဓာကိုယ်လေးတုန်တက်သွားတာကိုjaneမြင်လိုက်ရသည် janeမေ့သွားတာbabyဟာjaneအော်ရင်အဆင်မပြနိုင်ဘူးဆိုတာကိုပေါ့....။
' Baby.....'
' liliတစ်ယောက်တည်းနေချင်တယ်unnie...'
. ရှိုက်သံနဲ့အတူပြောလာတဲ့babyကိုဖက်ထားလိုက်မိတယ်...။
' ဘာကြောင့်လည်းbabyကြောင့်တို့အနားကိုပြန်မလာနိုင်ရတာလည်း ကျေးဇူးပြုပြီးကလေးရယ် တို့ကိုဖြေရှင်းချက်လေးပေးပါအုံး...'
janeတကယ်မခံစားနိုင်တာပါဘာကြောင့်များကလေးငယ်ဟာjaneကိုငြင်းပယ်နေရသလဲ ထောင်ကျခဲ့တဲ့ကာလအတွက်စိတ်နာရင်လည်းတို့ကိုထိုက်သင့်တဲ့အပစ်သာပေးပါကလေးငယ်ရယ် ကလေးငယ်သာjaneကိုမချစ်ဘူးပြောရင်လိမ်ညာနေတယ်ဆိုတာjaneတန်းသိသည် ဘာလို့ဆိုကလေးငယ်မျက်ဝန်းတွေကမလိမ်ညာတက်ဘူးလေ ဒါနဲ့များဘာကြောင့်စောနကမိန်းကလေးကိုjaneထက်ပိုအလေးပေးနေရပါသလည်း....။
' unnie တစ်နေ့တော့နားလည်လာမှာပါ...'
' ကလေးငယ်ပြောတဲ့အဲ့တစ်နေ့ကမရောက်နိုင်သေးဘူးလားဟင် တို့အရမ်းနာကျင်နေပြီကလေးရဲ့ တို့နှလုံးသားကအပစ်သားတစ်ယောက်လိုခံစားနေရတာပါကွယ် တကယ်လို့babyစိတ်ထဲမှာသာတို့ကိုအပစ်မြင်နေသေးတယ်ဆိုရင်လည်းပြောပါ တို့ထိုက်သင့်တဲ့အပစ်ခံယူပါ့မယ်...'
' lili unnieကိုအပစ်မမြင်ပါဘူး...'
' ဒါဆို...ဒါဆိုဘာကြောင့်များတို့ဆီပြန်မလာရသလည်းbaby တို့နှလုံးသားကဘယ်အချိန်လောက်ထိခံစားနေရမလည်း....'
![](https://img.wattpad.com/cover/322856227-288-k186913.jpg)
YOU ARE READING
Sinner
FanfictionI will gladly accept any punishment you give me, because the person who gave me the punishment is you, my beloved...။ #Lalisa Manobal(G❗P)