အစောပိုင်းကာလ စကြာ၀ဠာကြီး ကမောက်ကမ ဖြစ်နေချိန်တွင် ကမ္ဘာကြီးကိုအုပ်စိုးသူတစ်ယောက်သာရှိခဲ့သည်။ ထိူသူကတော့ ကောင်းကင်ဘုံကိုဖွင့်ကာ ကမ္ဘာကြီးကိုဖန်တီးခဲ့သော မဟာဇကရာဇ် Pan Gu ဖြစ်လေသည်။
ထိုအချိန်တုန်းက ကောင်းကင်ဘုံနဲ့မြေကြီးသည် လွန်စွာနီးကပ်ကာ လူသားများသည် မြေကြီးပေါ်တွင်နေထိုင်၍နတ်ဘုရားများသည် ကောင်းကင်တောင်တန်းများပေါ်တွင်နေထိုင်ကြသည်။ လူသားများသည် ကောင်းကင်လှေကားများမှတဆင့် ခရီးထွက်ကာ နတ်ဘုရားများဆီသို့သွားနိုင်ကြသည်။ လူသားများ၊ နတ်ဘုရားများနဲ့ မိစ္ဆာများသည် ကမ္ဘာကြီးပေါ်တွင်အတူရှင်တွဲနေထိုင်ကြသည်။
မဟာဧကရာဇ် Pan Gu တွင် မောင်နှမကဲ့သို့ရင်းနှီးသောနောက်လိုက်သုံးယောက်ရှိခဲ့သည်။ စိတ်စွမ်းအားအကြီးမားဆုံးက အမျိုးသမီးဖြစ်သော်ငြား အချိန်ကြာညောင်းပြီဖြစ်သောကြောင့် သူမ၏နာမည်ကိုရှာမတွေ့နိုင်တော့ချေ။ သူမသည် Hua Xu နိုင်ငံတော်ကိုတည်ထောင်ခဲ့သည်ဆိုသောအကြောင်းကိုသာသိခဲ့ရကာ ထို့ကြောင့်လူတွေကသူမကို Hua Xu ဟုခေါ်သည်။ ကျန်သောနောက်လိုက်နှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး တစ်ဦးမှာ Sheng Nong ဟုအမည်ရကာ လေးဘက်လုံးမှ ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် အလယ်ပိုင်းလွင်ပြင်တွင်တပ်စွဲထားသည်။ ကျန်တစ်ဦးမှာ Gao Xing ဟုအမည်ရကာ Holy Yang တောင်ကြားနှင့် အရှေ့ဘက်မျက်လုံး Gui Xu ၏နေထွက်ရာအရပ်ကိုကာကွယ်ရန် အရှေ့ဘက်တွင် တပ်စွဲသည်။
မဟာဧကရာဇ် Pan Gu ကွယ်လွန်ပြီးနောက်တွင် ကမ္ဘာကြီးသည် ပြင်းထန်သော ပဋိပက္ခနှင့် အဆုံးမဲ့စစ်ပွဲထဲသို့ ကျဆင်းသွားသည်။ Hua Xu သည် အဆုံးမဲ့စစ်ပွဲကိုစိတ်ကုန်ကာ ငြိမ်းချမ်းပြီး သဟဇာတဖြစ်သော Hua Xu နိုင်ငံတော်ကိုတည်ထောင်ရန် အဝေးသို့ထွက်သွားလေသည်။ သို့သော် သူမကို ဒဏ္ဍာရီလာဖြစ်စေရန်ပြုလုပ်ပေးခဲ့သည်မှာ သူမ၏ Hua Xu နိုင်ငံတော်မဟုတ်ပဲ သူမ၏သားနှင့်သမီးဖြစ်သော Fu Yi နှင့် Nu Wa သာဖြစ်သည်။
Fu Yi နှင့် Nu Wa တို့သည် ရဲရင့်ကြပြီး ကမ္ဘာပေါ် ရှိသူရဲကောင်းအားလုံးကို စိတ်လိုလက်ရနှိမ်နင်းကာ စစ်ပွဲကိုအဆုံးသတ်ခဲ့သည်။ သူတို့ကို ဧကရာဇ် Fu Yi နှင့် ဧကရီ Nu Wa ဟုခေါ်တွင်ကြသည်။
YOU ARE READING
Lost you Forever《长相思》ဘာသာပြန်
RomanceAuthor - Tong Hua (桐华) Year - 2013 Chapter - 51(completed) Start - 28.9.2022 End - This is fun translation. I do not own this story. The pictures uploaded here are not mine. All credits to the owners.