အခန်း (၇) [၂/၄]

18 3 0
                                    

ရှောင်လျို့ က ရယ်မောလိုက်ပြီး "စစ်တုရင်ကစားတာနဲ့ သူ့မိသားစုလုပ်ငန်းတစ်ခုလုံးကို အတူတူပဲလို့ မင်းထင်သလား။ ငါ သူ့ကို အသက်ကယ်တင်ခဲ့လို့ ငါ့စကားကို နားထောင်တယ်ဆိုပေမယ့် သူတတ်နိုင်သလောက်ပဲ ငါ့ပြောတာကို နားထောင်မှာပေါ့".

ရွှမ်းသက်ပြင်းချလိုက်ပြီး သူ့စိတ်ထဲက အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။ ရှောင်လျို့ကပြောခဲ့သလိုပါပဲ သူ့ကို၊ 6 နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့လို့ ကျင်းက ရှောင်လျို့တစ်ခြားသူတွေနဲ့ မတူပဲ အလေးထား ဆက်ဆံနိုင်ပေမယ့် ရှောင်လျို့ အတွက် တုရှန်း ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲရမယ်ဆိုရင်တော့ ကျင်းလုပ်နိုင်မှာမဟုတ်ဘူး

ရှောင်လျို့က "မင်းမြန်မြန်ထွက်သွားသင့်တယ် ။ ရှန်းလျို့က အချိန်မရွေး ပေါ်လာနိုင်သည်။" ရွှမ်း ကဂုဏ်ယူစွာဝိုင်ခွက်ကို မြှောက်လိုက်ပြီး " ရှန်းလျို့ က အရမ်းအစွမ်းထက်တယ်လို့မင်းထင်တာမှန်ပင်မဲ့ ငါ့ကို အရမ်းအားနည်းတယ်လို့ မတွေးသင့်ဘူး

" ရှောင်ယောင်း က သူ့လက်ကိုဦးညွှတ်လိုက်ပြီး "ကောင်းပြီ၊ ကောင်းပြီ မင်းက အရမ်းအစွမ်းထက်တာပဲ!"

ရွှမ်းက ပြုံးပြီး "တိုက်ပွဲတစ်ခုပြီးတစ်ခုသူ့ကိုမအနိုင်ယူနိုင်ဘူး၊ ငါတို့တစ်ယောက်ချင်းတိုက်ရင်တောင် ငါ့ကသူ့ပြိုင်ဘက်မဟုတ်ဘူး "ရွှမ်း က သူ့ခေါင်းကို ညွှန်ပြပြီး "ဒါပေမယ့် ကျွန်တော် ဒါကိုပဲအားကိုးတယ်"

ရှောင်လျိုက "မင်းက မင်းရဲ့ အဆက်အသွယ်နဲ့ နောက်ခံအင်အားကို အားကိုးနေတာပဲ" "ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့်မှာ အဲဒါတွေရှိတယ်လေ ငါ့မှာ အာဏနဲ့ စွမ်းအင်ရှိလို့သာ တိုက်ခိုက်နေရတာ ပြီးတော့ ငါ့မှာ မှီခိုရတဲ့ မိသားစုလည်း ရှိတယ်လေ မိသားစုနဲ့ အဆင်ပြေဖို့ ရောစွမ်းအင် တိုးတက်အောင် လုပ်ဖို့ ရော မင်းလွယ်တယ်လို့ထင်နေတာလား၊ "

ရှောင်လျို့ က ဘာမှပြန်မပြောဘဲ "ဒီနှစ်တွေမှာအကုန်လုံး အလုပ်အရမ်း များခဲ့တယ်မလား လို့ မေးလိုက်တယ်။ ရွှမ်း က ရှောင်လျို့ ကို ထိတ်လန့်စွာ တစ်ချက်ကြည့်လိုက်ပြီး "အဆင်ပြေပါတယ်" လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

Lost you Forever《长相思》ဘာသာပြန်Wo Geschichten leben. Entdecke jetzt