အပိုင်း (၁၂) [၁/၃]

24 1 0
                                    

(ရေပြင်အဆုံးရှိ အလှလေးတစ်ဦး)

ရှောင်ကျူရုံသည် အနိုင်ရသူများအား ဆုချီးမြှင့်ရန် စားပွဲတစ်ခုစီစဉ်ထားသည်။ဝူရှို့ သူ့ခြွေအရံအသင်းအပင်းများခြံရံလျှက် တောက်တောက်ပပဝတ်စားကာ စောစောထွက်လာသည်။ရှောင်းလျို့က အိမ်ရာထဲအပျင်းတစ်နေဆဲဖြစ်သော်လည်းကျွောင်းရွှီနှင့် အားညန်တို့မှ ပျော်ပွဲရွှင်ပွဲတို့ကြည့်ရန် ဆွဲခေါ်သွားခဲ့ကြသည်။

ကျွမ်းရွှီက ရှောင်းလျို့အား “ ဆောင်းဦးပြိုင်ပွဲရဲ့ နောက်ဆုံးနေ့က ပျော်စရာအကောင်းဆုံးပဲ။မင်းကြည့် လူတွေက ပြိုင်ပွဲမစခင် စိုးရိမ်နေကြတယ်မလား၊အခုတော့ ပြိုင်ပွဲက ပြီးပြီ မနက်ဖန်ဆို အိမ်ကို က်ုယ်စီ ကိုယ်စီ ပြန်ကြတော့မယ်။ဒါကြောင့်မို့ အခုချိန်က သောက်စားပျော်ပါးဖို့ အကောင်းဆုံးပဲ”

ချီဆွေ့မြစ်နားကို ရောက်ချိန်မှာတော့ ကျွမ်းရွှီပြောတာ အမှန်ဖြစ်ကြောင်းကို ရှောင်းလျို့လက်ခံလိုက်သည်။မြစ်စပ်တစ်လျှောက်တွင် စိမ်းလမ်းစိုပြည်စွာဖြင့် ကောင်းစွာရှင်သန်နေသော မြက်ခင်းများကမြစ်ကမ်းစွန်းကို အနားကွတ်ထားပြီး အရှည်မှာ မိတ်ဆုံစားပွဲတစ်ခုစီစဉ်လို့ပင်ရလောက်သည်။

နေ့လယ်တောင်မရောက်သေးသော်လည်း ဝိုင်ပုလင်းတွေ တန်းစီကာ သိုးသားကင်များနှင့် လူတွေဟာ အရက်မူးနေကြပြီဖြစ်သည်။ တစ်ချို့ဟာ မြင်ထဲရေဆင်းကူးနေကြပြီး တစ်ချို့ကတော့ သီချင်းတွေဆိုလျက်ရှိကြသည်။ တစ်ဘက်ခြမ်းရှိ လောင်းကစားဝိုင်းမှာတော့ လူတွေက လုံးထွေးနေကြသည်။ လူတစ်စုမှာလည်း စက်ဝိုင်းပုံစံဝိုင်းဖွဲ့ကာ သီဆိုကခုန်နေကြသည်။

ခြေထောက်ကကွက်ဟာ ရိတ်သိမ်းရာသီအတွက် ပျော်ပွဲအကဖြစ်ပြီး လယ်သမားတွေက စုရုံးကာ အတူတူဝိုင်းဖွဲ့သီဆိုချီးမြောက်ကြလျက် ညီညီညာညာလက်ခုပ်တီးနေခဲ့ကြသည်။ ရှောင်းလျို့၊ ကျွောင်းရွှီနှင့် အာညန်တို့လှည့်ပတ်ကြည့်နေစဉ် မိန်းမပျိုလေးတစ်စု၏အလယ်တွင် ကခုန်နေသော ရှန်းနွမ်ရှင်းယွဲ့ကိုတွေ့လိုက်ရ၍ အံ့ဩသွားခဲ့ကြရသည်။ သူမဟာ ကျစ်ဆံနှစ်ဖက်ခွဲစည်းကာ ဖဲကြိုးမျှင်လေးဖြင့် စည်းနှောင်ထားပြီး အခြားမိန်းမပျိုလေးများနဲ့ လက်ချင်းယှဉ်တွဲကနေသည်။

Lost you Forever《长相思》ဘာသာပြန်Opowieści tętniące życiem. Odkryj je teraz