အပိုင်း (၁၃) [၂/၃]

19 2 0
                                    

ကောင်းရှင်းသို့ မရောက်ဖူးသော ဧည့်သည်တော်များမှာတော့ ရှုမျှော်ခင်းများကိုကြည့်ကာ အံ့ဩမှင်သက်နေကြပြီး ပင်လယ်အပျော်ခရီးထွက်ရန် လှေများပင်ငှားလို့ရနိုင်သေးသည်။ 

ကျွမ်းရွှီ မနက်စောစောလင်းချိန်တွင် ရှောင်ယောင်းကို လာရှာပြီး “ဖုန့်လုံနဲ့ ရှင်းယွဲ့ ရောက်နေပြီ၊ သူတို့ကို ဟိုနား ဒီနားလိုက်ပို့မလို့ တွေ့ကြမှာ”

ရှောင်ယောင်းက “ကောင်းရှင်းရဲ့ ဧည့်သည်တော်အနေနဲ့လား?ရွှမ်းယွမ်မင်းသား အနေနဲ့လား?”

“သေချာပေါက် ရွှမ်းယွမ်မင်းသားပေါ့။ အခုချိန် သူတို့ကို ပြောပြရင် ထိတ်လန့်သွားတာလောက်ပဲရှိမှာ နောက်ပိုင်း သူတို့ဘာသာ ငါဘယ်သူဆိုတာ စုံစမ်းသိရှိသွားတဲ့အခါကျရင် သစ္စာဖောက်ခံရတယ်လို့ ခံစားနေရလိမ့်မယ်”

“ကိုကိုတို့တွေ သွားပျော်ကြပါ။ ညီမလေးမှာ ဒီနေ့လုပ်စရာတွေ ပုံလို့။ နောက်ပြီး ဝတ်စုံအသစ်ကိုလည်း စမ်းဝတ်ကြည့်ရဦးမှာ။ တကယ်လို့ ကိုကိုပြန်လာတာ နောက်ကျရင် ညီမလေးကို လာတွေ့စရာမလိုဘူး‌နော်။ ဝူရှုံ့က ညီမလေးကို မနက်ဖြန် မျက်နှာကြည်စေဖို့ စောစောအိပ်ခိုင်းထားတယ်။ ဒါမှ တစ်လောကလုံးရဲ့ရှေ့မှာ ကောင်းရှင်းကို အရှက်မရစေမှာလေ”

ရှောင်ယောင်းတစ်ယောက် ဝူရှုံ့အကြောင်းတွေးရင်း စိတ်ညစ်သွားရသည်။ ဒီရက်ပိုင်း သူ(မ)ကို သူ့ရဲ့အတောမသတ်နိုင်တဲ့ လိုအပ်ချက်တွေကြောင့် ညှဥ်းပမ်းနေသလိုပင်။ သူ(မ)တောင် သူ့ကို အားညန်ရဲ့ လက်ထောက်လို့တောင် ထင်လာသည်အထိ။

“ဝတ်စုံက ချုပ်ပြီးပြီမဟုတ်ဘူးလား?”

“သက်သောင့်သက်သာမရှိလို့လေ !”

ကျွမ်းရွှီ ထွက်မလို့ပြင်နေဆဲမှာပဲ “တုရှန်းမျိုးနွယ်က ကျင်းနဲ့ သူ့အမွှာ ဟို လည်းရောက်နေပြီ။ သူတို့နှစ်ယောက်လည်း ဖုန့်လုံတို့နဲ့ အတူတူအပြင်ကို လိုက်ကြည့်ကြမလို့”

ရှောင်ယောင်း တစ်ခုခုပြောမလိုပြင်လိုက်ပြီးမှ ကျွမ်းရွှီ၏ ထင်မြင်ချက်များအား သူ(မ) လွှမ်းမိုးခြင်းမပြုဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အား တုရှန်းဟို ကို သူ့ကိုယ်ပိုင်အမြင်သက်သက်ဖြင့်သာ သွားတွေ့စေသည်။ ရှောင်ယောင်း ကျွမ်းရွှီကို မြန်မြန်သွားရန် လက်နှင့် အမူအရာပြလိုက်သည်။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now