သိပ်မကြာခင်မှာပဲ ရှောင်လျို့ တယောက် ချိုင်းထောက်မလိုဘဲ လမ်းလျှောက်နိုင်လာပြီး နန်းတော်တွင်းအနှံ့ လျှောက်သွားတော့သည်။ နန်းတော်အပြင် ခြံဝင်းဘက်ကိုကား ခြေဦးပင်မလှည့်တော့ချေ။ အလွန်ပူလောင်အိုက်စပ်သည့် နွေနေ့ခင်းတရက်၌, ရှောင်လျို့ နှင့် ရှစ်ချီး တို့ ချီချင်း ဥယျာဉ်သို့ သွားပြီး သစ်ပင်တပင်အောက်မှာ အနားယူနေစဉ် ရှောင်လျို့က ပြော၏။ “ဒီအချိန် ဖရဲသီးရေခဲစိမ်လေး စားလိုက်ရရင် ကွက်တိပဲနေမှာ။”
ရှစ်ချီးက မတ်တပ်ထလိုက်သည်။ “နန်းတွင်းသူတွေ ဖရဲသီးရေခဲစိမ် လုပ်နေတာ တွေ့ခဲ့တယ်။ နည်းနည်းသွားယူလာခဲ့မယ်လေ။”
ရှောင်လျို့က ရယ်မောလိုက်၏။ “ဒီတိုင်းပဲ ပြောလိုက်တာပါ။ ပြန်သွားတော့မှ စားကြတာပေါ့။”
“မြန်မြန်ပြန်လာခဲ့မယ်။” ရှစ်ချီး ခပ်သုတ်သုတ် ထွက်သွားပြီး ရှောင်လျို့က ဖရဲသီးရေခဲစိမ် စောင့်ဖို့ ထိုင်ချလိုက်သည်။
သူမ ငယ်စဉ်က ရေကစားရသည်ကို နှစ်သက်၍ ရာသီဥတု ပူအိုက်သည်နှင့် ရေထဲမှာစိမ်နေပြီး ပြန်တက်မလာချင်သည်ကို ရှောင်လျို့ မှတ်မိ၏။ မေမေက ဖရဲသီးရေခဲစိမ် ပန်းကန်ပြားအကြီးကြီးဖြင့် သူမကို မြှားခေါ်လေ့ရှိသည်။ သူ့သမီး ရေထဲက မတက်လာလျှင် အကုန်စားပစ်မည့် ဟန်ဖြင့် ကုန်းပေါ်တွင် ဖရဲသီးရေခဲစိမ်များ စားပြသည်။ ရှောင်လျို့လည်း ရေထဲမှ အမြန်တက်လာရပြီး သူ့မေမေဘေးကို ပြေးကာ မေမေခွံ့ကျွေးသည်ကိုစောင့်ရင်း ပါးစပ်အကျယ်ကြီး ဟထားတော့သည်။
ထိုစဉ် ဥယျာဉ်ထဲသို့ လူတစု လမ်းလျှောက်လာရာ ရှောင်လျို့ တချက်ဝေ့ကြည့်လိုက်သော်လည်း ရင်းနှီးသည့်မျက်နှာများမတွေ့သဖြင့် နေရာမှာပင် ဆက်ထိုင်နေလိုက်သည်။
လှပသည့် မိန်းမငယ်လေးတဦး ဒေါသပုန်ထ ပေါက်ကွဲပြီး အပြေးရောက်လာ၏။ “နင်. နင်... နင်ဒီမှာ ဘာလုပ်နေတာလဲ?”
ရှောင်လျို့ ထိုမိန်းကလေးကို သေချာကြည့်လိုက်သည်။ မျက်နှာကို မရင်းနှီးပေမယ့် သူ့အကျင့်စရိုက်ကို ရင်းနှီးသလို ဖြစ်နေ၏။ သူ့အဝတ်အစားကို ကြည့်တော့မှ သူဘယ်သူလဲ ရှောင်လျို့ သိသွားတော့သည်။ ဒါဆို အားညန်ရဲ့ မျက်နှာအစစ်က တော်တော် လှတာပါလား။ လုံးဝပြီးပြည့်စုံတဲ့ အလှစစ်ပေါ့။ ရှောင်လျို့ ရယ်မောလိုက်သည်။ “ငါ. ငါ... ငါဒီမှာရှိလို့ မရဘူးလား?”
VOCÊ ESTÁ LENDO
Lost you Forever《长相思》ဘာသာပြန်
RomanceAuthor - Tong Hua (桐华) Year - 2013 Chapter - 51(completed) Start - 28.9.2022 End - This is fun translation. I do not own this story. The pictures uploaded here are not mine. All credits to the owners.