အခန်း (၇) [၃/၄]

16 3 0
                                    

ကျွန်တော်မှာရှိသမျှရှောင်လျို့ ကြိုက်သလို ယူနိုင်ပါတယ် တကယ်လို့ ကျွန်တော်မှာ မရှိရင် ရှောင်လျို့အတွက် ကျွန်တော် ရှာပြီးပေးပါမယ်

ရှောင်လျို့က မော့ကြည့်လိုက်ပြီး "ငါ့ ရေခဲပုံဆောင် နှစ်ခုလိုချင်တယ်" ကျင်းသည် ကျင်းရီကို ချက်ချင်းခေါ်ပြီး အသံတိုးတိုးဖြင့်အမိန့်ပေးလိုက်တော့ ကျင်းရီထွက်သွားသည်။ ရှောင်လျို့ကို ရေခဲပုံဆောင်က ဘာအတွက်လိုတာလဲလို့ ကျင်းက မမေးဘဲ သူ့ကို တိတ်တဆိတ် ကြည့်နေရုံ သည် သူ့မျက်လုံးများသည် နွေးထွေးပျော်ရွှင်မှု့နဲ့ ပြည့်နှပ်နေတဲ့အနက်ရောင် ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး ရှောင်လျို့ က သူ့ဆီက တစ်စုံတစ်ခုတောင်းသည့်အတွက် ပျော်ရွှင် ပုံပေါ်နေသည်။

ရွှမ်း က ကျင်းကို မယုံဖို့ ရှောင်လျို့ ကို သတိပေးခဲ့ပေမယ့် ရှောင်လျို့ က ကျင်း ဘယ်သူ့ကိုမဆိုသတ်ပစ်မယ် ဆိုတာကိုမယုံတာကြောင့် သတ္တိမွေးပြီး "ငါ....ငါ....ငါလိုချင်တာ....."

ရှောင်လျို့ ပြောနေသည့်စကားကို ကြားရန် ကျင်းသည် အရှေ့သို့ ငုံ့ကြည့်လိုက်သည် ရှောင်လျို့သည် သင်းပျံ့သောဆေးဖက်ဝင်အနံ့ရသောကြောင့် နောက်သို့ ပြန်ဆုတ်ချင်သော်လည်း ကျင်းက သူ့လက်ဆုတ်ကိုင်လိုက်ပြီး "ဘာလိုချင်လို့လဲ"

ရှောင်လျို့က ခေါင်းငုံ့ကာ သူ့ခြေထောက်တွေကို စိုက်ကြည့်ရင်း "ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ရွှမ်း ဒဏ်ရာရအောင်လုပ်တဲ့သူက မင်းမဖြစ်စေချင်ဘူး"

ကျင်းက စိတ်ပျက်သွားသလိုတိုးတိုးလေး သက်ပြင်းချလိုက်ပေမယ့်လည်း ပြုံးကာ "ကောင်းပြီ" လို့ ပြောလိုက်သည်

ရှောင်လျို့က အံ့ဩတစ်ကြီး ခေါင်းမော့လိုက်ပြီး "မင်းသဘောတူလား?"

ကျင်း က ခေါင်းညိတ်ပြီး "ရှောင်လျို့ပြောသမျှကို ကျွန်တော်နားထောင်ပါ့မယ်လို့ ကတိပေးတယ်။"

ရှောင်လျို့က ရွှမ်းကို လုပ်ကြံသတ်ဖြတ်ခြင်းသည် ဖန်ဖုန့်ယိယန်ရဲ့ ရည်ရွယ်ချက်သက်သက်သာဖြစ်ပုံရသည်ဟုတွေးနေခဲ့သည်။ဖန်ဖုန့်ယိယန် ဘာတွေလုပ်နေလဲ ကျင်း ဘာမှ မသိပုံပေါ်တယ်။ ဒီလိုကိစ္စကြီးကို ဖန်ဖုန့်ယိယန်က ကျင်းကိုတစ်ခါမှ မပြောပြဖူးဘူးလား။

Lost you Forever《长相思》ဘာသာပြန်Where stories live. Discover now