အပိုင်း (၈) [၁/၄]

20 3 0
                                    

It’s So Late, Why Have You Not Returned
( အတော်လေးနောက်ကျနေပြီ ၊ ဘာလို့မပြန်လာတာလဲ )

ရွှမ်း ရဲ့ကိုယ်ပေါ်ကနေ ဂုကိုဖယ်ပြီးနောက် ရှောင်လျို့သည် စိတ်ပူစရာ ကိစ္စအကြီးကြီးတစ်ခုကို ဖြေရှင်းပြီးသွားသည့်အတွက် သုံးရက်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။

အချိန်အတော်အတန်ကြာပြီးတဲ့နောက်မှာတော့ ရှောင်လျို့သည် ရွှမ်းကိုသတ်ဖို့ကြိုးစားတဲ့သူက ကျင်း ရဲ့သတို့သမီးလောင်း ဟုတ်မဟုတ်ဆိုတာ ရှန်းလျို့ကိုမေးရန်မေ့သွားမှန်း သိလိုက်ရသည်။ ဖန့်ဖုန့်ယိယန် သာ ဆိုသူမက ဘာလို့  ရှန်းလျို့ ကိုကူညီပြီး ရွှမ်း ကိုသတ်ပေးနေတာလဲ? ဖန့်ဖုန့်ယိယန် မိသားစုနဲ့ ရှန်းနွန် စစ်တပ်ကြားမှာပတ်သက်မှုတစ်ခုခုရှိနေတာလား? ဒါမှမဟုတ် ဒီတစ်ခေါက် ရှန်းလျို့ က ဖန့်ဖုန့်ယိယန် ကိုကူညီပေးနေတာလား? ရှန်းလျို့ က သူ့ရဲ့ အားလပ်ချိန်တွေမှာ ကြေးစားလူသတ်သမားလုပ်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား?
တွေးရင်းတွေးရင်းနဲ့ ရှောင်လျို့ မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရသည်။

ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ သူအဖြေရှာတွေ့သွားသည်။ ရွှမ်း ထွက်သွားပြီးပြီဆိုတော့ သူ့ကို ဖန့်ဖုန့်ယိယန် က သတ်ချင်နေလည်းအရေးမကြီးတော့ဘူး။ ဒါအပြင်မိသားစုကြီးတွေကြားက လက်စားချေခြင်းနဲ့ ပဋိပက္ခတွေကို ရှောင်လျို့ နားမလည်ချင်ပါဘူး။ သူသိဖို့လိုတဲ့ တစ်ခုတည်းသောအရာကတော့ ရွှမ်း ကိုသတ်ချင်နေတဲ့သူက ကျင်း ဟုတ်မဟုတ်ဆိုတာပဲ။

ရှောင်လျို့ လည်းအရာအားလုံးကိုဘေးချပြီး သူ့ရဲ့ နဂိုပျင်းရိတဲ့ဘ၀ဆီကိုပြန်သွားတော့သည်။

နွေရာသီရဲ့အလယ်ပိုင်းတွင် ရှောင်လျို့ သည် အပူဒဏ်မခံနိုင်တော့ပဲ အိပ်ရာပေါ်တွင် ယပ်ခပ်နေကာချွေးများနှင့်စိုရွှဲလျက်ရှိသည်။ အိမ်အနောက်ဘေးတံခါးမှ ကျင်း ၀င်လာသောအခါ ရှောင်လျို့ က တံစက်မြိတ်အောက်က ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး“ ပူတယ်၊ ပူတယ် “ ဟု လူးလှိမ့်ကာ ရေရွတ်နေသည်ကိုတွေ့လိုက်ရသည်။

Lost you Forever《长相思》ဘာသာပြန်Opowieści tętniące życiem. Odkryj je teraz