part 4 (uni)

789 102 16
                                    

'When did World War 1 start and  why? '

Laptop screen ပေါ်မှာပေါ်လာတဲ့ကမ္ဘာ့သမိုင်းမေးခွန်းကိုကြည့်ပြီး ရှိသမျှဆံပင်တွေကိုကျွတ်အောင်ဆွဲနှုတ်ပစ်လိုက်ချင်မိအောင်စိတ်တွေညစ်သွားသည်။

ပထမကမ္ဘာစစ်ဖြစ်တာသူ့စောက်လုပ်လား!
ဘယ်ချိန်ဖြစ်တာလဲကတော့မင်းဖေသွားမေး
အတည်စိတ်ညစ်တယ် ဘာတွေမှန်းမသိ
ဘာလုပ်ရမှန်းလဲမသိ။စာကလဲမရ။
ပင်လဲပင်ပန်းနေပြီမို့...

"Vegas? "

ဂျောက်!

"အင်းကိုယ်ဒီမှာ"

စာကြည့်စားပွဲခုံကအိပ်ယာကိုနောက်ကျောပေးထားတာမို့ နောက်ကထူးသံကြားလိုက်ရတော့ သူအိပ်ယာပေါ်မှာထိုင်နေမှန်းတန်းသိ
လိုက်တယ်။

"ငါအရမ်းပင်ပန်းနေပြီ စာ..စာလဲမရဘူး"

မင်းတို့ခံစားဖူးလာတော့မသိဘူး။စိတ်တွေအရမ်းရှုပ်လာပြီး ဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့ခံစားချက်ကြီးလေ။
စာတွေပျက်ကွယ်သွားရင်ကောင်းမယ်။

ငါကိုယ်တိုင်ကပဲထိခိုက်လွယ်တာလား
Vegas ရှေ့ရောက်ရင်ပဲ ငါတင်းထားသမျှတွေအကုန်လွှတ်ချပြီးပြိုလဲချင်တာလားတော့မသိပေမယ့် ပြောရင်းပြောရင်း ငိုသံကပါပါလာနေပြီ။ငါဒီလိုဖြစ်ချင်ခဲ့တာမဟုတ်ဘူး
သန်မာချင်ခဲ့တာ ။

သူကဘာမှမပြောပဲ ငါ့ဆီကိုလျှောက်လာနေတယ်ဆိုတာကို လှည့်မကြည့်ပေမယ့်
ခြေသံတလျှပ်လျှပ်ကြောင့် အလိုလျှောက်သိနေသည်။အနီးနားရောက်မှာ laptop screen ကိုကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး

"ပထမကမ္ဘာစစ်က 1914 မှာစခဲ့တာ
Archduke Franz Ferdinand လုပ်ကြံခံရမှုကြောင့် စဖြစ်တာလို့ပြောကြပေမယ့်
လူတွေမသိတဲ့နောက်ကွယ်ကကိစ္စရပ်တွေအများကြီးရှိခဲ့တာ အဲ့အချိန်ကကိုယ်တို့တွေအလုပ်အများဆုံးလုပ်ရတဲ့အချိန်လေ
ရုတ်တရပ် promotionရလိုက်သလိုပဲ
Deathတွေကလဲ၀ိဥာဥ်တွေလိုက်သိမ်းရတာ
မနဲမနော လူတွေသေကြတာကိုး
လူတွေကလဲ ငရဲတို့မကောင်းဆိုး၀ါးတို့ကိုကြောက်နေချိန်မရှိဘူး အသက်ဘေးကြုံလာရင်လုပ်မိလုပ်ရာလုပ်တက်ကြတာမို့ ဆုတောင်းမှုတွေရော အလဲအလှယ်တွေရောကိုတွေ့သမျှ အကောင်တွေနဲ့လုပ်ကြတာမို့
ငရဲကအကောင်တစ်ချို့လဲလွှတ်ထွက်ကုန်တာ
ပြောရင်းနဲ့တောင်ပြန်တွေးရင်းခေါင်းကိုက်လာပြီ"

Pete knows how to make a devil cry (Completed) Where stories live. Discover now