part 6(uni)

726 99 18
                                    

"Vegas မင်းအဲ့လိုပေတေနေလိို့မရဘူး ငါစိတ်ပူလို့မေးနေတာပါ  ငါ့ကိုကြည့်ပါအုန်း"

ပြောရင်းပြောရင်း Vegas ပျောက်ကွယ်သွားရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးကြောင့်
ငိုသံတွေပါပါလာခဲ့ပေမယ့် vegasကတော့တင်းခံနေတုန်းပဲ။

တကယ်တမ်းဒီနေ့က Vegasနဲ့ငါ movie တူတူကြည့်ဖို့ချိန်းထားခဲ့ကြတာ ။
ကြည့်ခံနီးမှ ငါက CoCoဆိုတဲ့ကာတွန်းကားအသစ်လေးကိုကြည့်ချင်ပြီးသူက  action ကားကြည့်ချင်တာမို့ ၂ယောက်သားငြင်းကြခုန်ကြရင်း  ရန်ဖြစ်သေးတယ်။

အဲ့ထိအားလုံးဟာပုံမှန်ပဲ အကုန်လုံးကအဆင်ပြေနေဆဲပဲ။
ဒါပေမယ့် ဇာတ်လမ်း၁ ၀က်ရောက်တော့
အီလာသလို ပျင်းလာသလိုဖြစ်တာကြောင့်
စောင်အောက်မှာထည့်ထားတဲ့ vegas လက်ချောင်းတွေကိုယူကစားမိရမှ ဒီကိစ္စတွေစဖြစ်တော့တာပဲ။

Vegasရဲ့လက်သန်းကငွေမျှင်ရောင် လက်စွပ်လေးကပျောက်နေပြီ။
သူတစ်ခါကပြောဖူးသည်မလား
လက်စွပ်တွေအကုန်ပျောက်ရင် သူပါ
ဒီကမ္ဘာကနေပျောက်ကွယ်မယ်ဆိုတာလေ။
ခုတစ်ကွင်းလွတ်နေရုံနဲ့တင်ငါ့စိတ်တွေအစိိုးမရတော့ဘူး။

Vegasမရှိပဲမနေနိုင်ဘူး ။ သူ့အစွမ်းအစတွေကြောင့်မဟုတ်ပါဘဲ ဒီတိုင်း Vegasမရှိရင်ဆိုတဲ့အတွေးက အရမ်းကိုထိတ်လန့်ခြောက်ခြားစေတယ်။

"ငါ့ကြောင့်လား ငါ့ကြောင့်ပျောက်သွားရတာလား အကိုကြီးကိုငါမတောင်းဆိုပဲ အစာအဆိပ်သင့်အောင်လုပ်လိုက်လို့ ပျောက်သွားတာလား"

Vegasကဘာမှမပြောပဲနှုတ်ဆိတ်နေတုန်းပဲ။
တိတ်ဆိတ်ခြင်းက၀န်ခံခြင်းဆိုတဲ့စကားလဲရှိသေးသည်မလား။

အကိုကြီးကအခြေအနေအတော်ဆိုးသည်။
ခုချိန်ထိဆေးရုံမှာအသက်လုနေရတုန်းပဲ။
ဆွေမျိုးရင်းချာတစ်ယောက် ဒီလိုအခြေအနေဖြစ်နေတာကို ပျော်တယ် ကျေနပ်တယ်လို့ပြောရင်ထူးဆန်းသလိုဖြစ်နေမလားတော့မသိပေမယ့် ငါ့စိတ်ထဲမှာတော့ သဘောခွေ့နေတယ်။

ငါက  Vegasထက်တောင်လူမဆန်တဲ့ကောင်ပဲ။ ဒါပေမယ့် ငါ့ပါးစပ်က ဒီလိုလုပ်ပေးပါလို့ ထုတ်မတောင်းဆိုပဲ vegas က သူ့သဘောအတိုင်း စီရင်ခဲ့တဲ့အတွက် အသက်တစ်ကွင်းပျောက်သွားရသည်။ ဒါတွေကိုမသိပဲ ငါကကျေနပ်နေသေးတာ ။

Pete knows how to make a devil cry (Completed) Where stories live. Discover now