Extra (uni)

1K 109 34
                                    

Vegas လူအဖြစ်ပြန်လည်မွေးဖွားတာ ငါ့ရဲ့အကြီးမားဆုံးပြသာနာလို့ပဲဆိုရမလား
ငါ့မှာတော့ သူ့ဖြစ်စဥ်အစအဆုံးနားထောင်ပြီး ငါ့ကိုဒီလောက်ထိချစ်ပေးပါလားလို့တွေးမိကာ ရင်ထဲပီတီဖြစ်ခဲ့ရတာ။ ဒင်းကအရမ်းကိုမွှေသောပဲ။

သူ satan ဘ၀က ငါ့နားနေရင်ငါအားနည်းလာတာကြောင့် အချိန်ပြည့်မနေရပဲ နာရီအနည်းငယ်ဆိုပျောက်သွားရတာမို့ ခုဆိုအတိုးချ၍လူနားကပ်သည်။
နေ့တိုင်းသူ့မျက်စိအောက်ကအပျောက်မခံ။

______________________________

ငါတို့ဘ၀ကိုအသစ်စကြမယ်ဆိုတဲ့စိတ်ကူး
နဲ့နယ်မြို့လေးတစ်မြို့မှာအိမ်အသေးလေးကို၂ယောက်ထဲပြောင်းလာကြတာရယ်။ရောက်တဲ့နေ့ကတည်းက Vegas  ကမွှေတာမွှေတာဆိုတာလေ။ သူအရင်ဘ၀ကလဲမွှေတာပါပဲ။
ခုနဲ့ဘာကွာလဲဆို  အရင်ကမွှေရင်လူတွေသေပြီးခုမွှေရင်လူတွေဒုက္ခရောက်တာပဲကွာတယ်

"Vegas ငါတို့အိမ်ပြောင်းလာတော့
ရပ်ကွက်ရုံးမှာသန်းခေါင်စာရင်းလက်မှတ်သွားထိုးရအုန်းမယ် အဲ့တာညနေကျလိုက်ခဲ့ရမယ်နော်"

အ၀တ်မကပ်တဲ့ခန္ဓာကိုယ်၂ခုကလေတိုးမ၀င်အောင်ပူးကပ်နေတာမို့ သူ့စကားကခပ်တိုးတိုးပေမယ့်  vegas ကသူကြားပါတယ်ဆိုတဲ့သဘောနဲ့ခေါင်းငြိမ့်ပြလာသည်။

ညနေငါနိုးတော့သူကရေမိုးချိုးတောင်ပြီးနေပြီ။

"Vegas? "

"အင်းကိုယ်ဒီမှာ"

"သိသားပဲမင်းကိုမြင်နေရတာကို"

အကျင့်တွေကတော့ပြောင်းလဲမသွားသေး။
အရင်ကသူရုတ်တရပ်ပေါ်လာရင်ငါလန့်တက်လို့အသံပေးပြီးမှပေါ်လာတက်တာ။
ခုထိအဲ့အကျင့်လေးကစွဲနေတုန်း။

သဘောကျတယ်။
အများကြီးသဘောကျတယ်။ခေါ်လိုက်တိုင်း
'အင်းကိုယ်ဒီမှာ' ဆိုတဲ့ထူးသံမကြားခဲ့ရတဲ့နေ့တွေရက်တွေကအပင်ပန်းဆုံးပဲ။

"ချီအုန်း ငါမထနိုင်ဘူး"

ဘယ်တော့မှမငြီးမငြူငါခိုင်းတိုင်းလုပ်တဲ့
သူကဂျိုင်းကနေဆွဲထူက တင်ပါးကနေထိိန်းချီလာတာမို့ ကိုအာလာ လေးလိုကပ်ပါလာရသည်။

Pete knows how to make a devil cry (Completed) Where stories live. Discover now