"ကျွန်မလေ စိတ်ထဲကိုသန့်သွားတာပဲသိလား
သားလဲအဲ့လိုခံစားရတယ်မလား"မနက်စာစားရင်းအစမရှိအဆုံးမရှိစကားစလာတဲ့မေမေ့ကို peteလဲဘုမသိဘမသိအလိုက်သင့်လေးခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်ကွ peteအခန်းဆိုမကောင်းတဲ့အငွေ့အသက်တွေမရတော့ဘူး ကောင်းတဲ့အရိပ်အယောင်တွေပဲရတော့တာ နတ်ဆရာမအရမ်းစွမ်းတာနေမှာ"
ဖေဖေက၀င်ထောက်လိုက်တဲ့စကားကြောင့်
ပြုံးစိစိဖြစ်ချင်သွားတာမို့ ချပေးထားတဲ့ရေခွက်ကိုသာနှုတ်ခမ်းနဲ့တေ့ပြီး ကော့ညွှန့်ချင်နေတဲ့နှုတ်ခန်းစွန်းတွေကိုဖုံးလိုက်သည်။ဒါပေါ့။ကောင်းတဲ့အငွေ့အသက်တွေပဲရမှာပေါ့လေ။ ဖေနဲ့မေရဲ့တစ်ဦးတည်းသောသားလေးကအဲ့အခန်းထဲမှာ ယောင်္ကျားတောင်ယူပြီးနေပြီ။
"Pete အိပ်နေရင်းလန်းနိုးတာဘာညာမရှိတော့ဘူးမလား အိပ်ယာလဲသန့်ပေးထားတယ်"
Peteကမရှိဘူးလို့ခေါင်းခါပြလိုက်ပေမယ့်လဲ
ရီချင်စိတ်ကထိန်းမရ။
သန့်ပေးထားတဲ့အိပ်ယာက သူ့ယောင်္ကျား satan ကိုသူမနေ့ကတက်စီးလိုက်လို့
စွန်းကုန်ပြီရယ်။"နတ်ဆရာမတန်ခိုးကြီးလိုက်တာ ပူဇော်ပါတယ်"
ထိုစကားကိုကြားတော့လုံးမထိန်းထားနိုင်ပဲ
Peteဆီကရီသံသေးသေးလေးထွက်လာသည်။ ဟုတ်သည်လေ ဆရာမရဲ့သေဆုံးမှုကိုမသိ။ဆရာမက ဘယ်ဘ၀ရောက်နေမှန်းတောင်မသိတာကို
ဇွတ်တွေ အစွမ်းထက်တယ်လုပ်နေတာကိုး။
Vegas ပြောတာမှန်တယ်လူတွေကစိတ်ကြောင့် အသက်ရှင်နေတာ။
_________________________"မိန်းမရေ ကိုယ်ပြန်လာပြီ"
စာရေးစားပွဲခုံမှာကုတင်ကိုကျောပေးကာစာလုပ်နေပေမယ့်လဲ ဂျောက်ကနဲမြည်သံနဲ့အတူ
အသံစာစာကထွက်လာတာမို့ တစ်ယောက်သောသူရောက်နေပြီဆိုတာသိလိုက်သည်။Vegasကလေငါမကြိုက်ဘူး မလုပ်ရဘူးတားထားတာတွေဆို အရမ်းလုပ်ချင်တာ။
ငါသူ့ကိုပြောထားပြီးသား ။
အဲ့လိုခေါ်တာတွေမကြိုက်ပါဘူးဆို။
ဘယ်လောက်ပဲလက်ထပ်ထားတယ်ပဲပြောပြော လင်မယားအရာရောက်ရောက်
အဲ့လိုအသုံးအနှုန်းကျတော့ ရှက်တယ်လေ။
ရင်ထဲမှာလဲတစ်မျိုးလေး ခံစားရတာမို့
မခေါ်နဲ့ပြောလဲမရ လစ်ရင်လစ်သလိုခေါ်တက်တာ။
YOU ARE READING
Pete knows how to make a devil cry (Completed)
Fanfiction"pete မကြိုက်ဘူးလား? သတ်ပေးရမလား?" "pete မႀကိဳက္ဘူးလား? သတ္ေပးရမလား?"