part 1(zawgyi)

370 10 2
                                    


ရစရာမရှိအောင်အထိုးခံအကြိတ်ခံထားရတဲ့မျက်နှာကိုမှန်ရှေ့မှာ စိတ်ပျက်လက်ပျက်ထိုင်ကြည့်ရင်း
ဆေးပုလင်းလေးကိုဖွင့်ကာ ဆေးထည့်ဖို့ပြင်လိုက်သည်။
အရက်ပျံရာခိုင်နှုန်းများများပါတဲ့ဆေးရည်ကြောင့်ရော သတိလက်လွတ်အနာပေါ်ဖိလိုက်မိတဲ့အားကြောင့်ရော အ့ ကနဲပါးစပ်ကထုတ်အော်မိတဲ့ထိနာသွားရသည်။

'မင်းယောင်္ကျားတစ်ယောက်ဖြစ်ပြီးတအားပျော့ညံ့တာပဲ '

မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကြောင့်မဟုတ်ပဲ ရင်ထဲအသဲထဲကလာတဲ့ စိတ်ဒဏ်ရာတွေကြောင့် မျက်ရည်ကပေါက်ကနဲ။

'မင်းယောင်္ကျားဖြစ်ပြီးငိုနေတာလား
ဟားးဟားးဟားး ဟေ့ကောင်တွေဒီမှာလာကြည့်စမ်း ဂေးကောင်Peteငိုနေပြီ'

နားထဲပြန်ဝင်လာတဲ့အသံတွေကသူ့ကိုခြောက်လှန့်ဆဲပဲ။ ဟိုးအရင်ကတည်းက စိတ်
ဒဏ်ရာတွေကလဲ အမြဲသစ်လွင်ဆဲပဲ။

သူကဒီတိုင်းလေး အေးဆေးနေချင်မိခဲ့တာပါ။
လိင်တူစိတ်ဝင်စားသူတစ်ယောက်ဖြစ်တာ
ဘယ်သူကိုမှထိခိုက်တာမှာမဟုတ်တာလေ။
သူတို့ကဘာလို့ဒီလောက်ပုံကြီးချဲ့ကြမှန်းတွေးလေတွေးလေအဖြေရှာမရလေပဲ။

ပြောရရင် peteလဲ ပုခုံး၂ဖက်ကြားကခေါင်းပေါက်လာတဲ့လူပဲ။ ခုလိုသူ့ကိုရိုက်ချိုးနေတဲ့ လူတွေမှာလဲ ချစ်ရတဲ့သူ သဘောကျရတဲ့သူရှိမှာပဲမလား။
ဘာကြောင့်များ
လူလူချင်းအတူတူ နှလုံးသားရှိတာချင်းအတူတူ ချစ်တက်တာချင်းအတူတူ
ဒီလိုနှိမ်ကာနှိပ်စက်နိုင်ရတာ လဲနားမလည်နိုင်ဘူး ။

သူစိမ်းတွေကိုတော့ အပြစ်သွားပြောလို့မရပါဘူးလေ။သူ့မိဘရော ဆွေမျိုးအသိုင်းအ၀ိုင်းကပါ ဒီလိုဖြစ်နေတာမို့လို့။

လောကကြီးမှာလူရယ်လို့စဖြစ်လာရင် မိဘကိုပဲ
အရင်အားကိုအားထားကြတာမလား။
မိဘဆိုတဲ့လူတွေကပဲ ပတ်ဝန်းကျင်ဒဏ်ကို ကိုယ်လက်ခံနိုင်လောက်တဲ့အရွယ်ထိ ကာပေးကြတာမလား။ Pete အတွက်တော့ ပြောင်းပြန်ပင်။

မိဘဆိုတဲ့အရာက ပတ်ဝန်းကျင်သူစိမ်းထက်ဆိုးနေတယ်လို့ပြောလို့တောင်ရတဲ့အခြေအနေ။ ဒီအကြောင်းတွေပြန်တွေးလေ ကိုယ့်ကိုကိုယ်တကယ်ပဲ အသုံးမကျတဲ့လူလိုတန်ဖိုးမဲ့တဲ့လူလိုခံစားရသည်။

Pete knows how to make a devil cry (Completed) Hikayelerin yaşadığı yer. Şimdi keşfedin