နောက်ဆုံးမှတ်မိတဲ့မှတ်ညဏ်က Satan ကစောက်ရမ်းချောတယ်ဆိုတာပဲ
အဲ့နောက်ပိုင်းအမှောင်ထုက ရုတ်တရပ်ကြီးစိုးလာပြီး ခွေလဲသွားခဲ့ပေမယ့် ခပ်မာမာကြမ်းပြင်ပေါ်ပစ်လဲမသွားပဲ ထွေးထွေးအိအိ
အရာတစ်ခုကလှမ်းဖမ်းပေးလိုက်တယ်ဆိုတာပဲသတိရတော့တာ ။နိုးလာတော့ထုံးစံအတိုင်း ငါ့ကုတင်ပေါ်မှာပေါ့။ငါဒါတွေအကုန် စာအုပ်ကိုစိတ်စွဲပြီး
အိမ်မက် မက်တာများလား။ ဘေးဘီကိုရှာကြည့်တော့လဲ တစ်၀က်လောက်အရည်ပျော်ကျကာမီးငြိမ်းနေတဲ့ ဖယောင်းတိုင်တွေပဲတွေ့တာမို့.."Vegas? "
"အင်းကိုယ်ဒီမှာ"
ခေါ်ပြီးပြီးချင်းနောက်ကျောဘက်ကနေသြရှရှထူးသံနဲ့အတူခါးကိုလာရစ်တွယ်လာတဲ့အေးစက်စက်လက်တွေကြောင့်
ဘေးတစောင်းအိပ်နေရင်းကျောရိုးက
မတ်ကနဲဖြစ်သွားရသည်။
ဒုက္ခပဲဒါအိမ်မက်လုံး၀မဟုတ်ဘူး။"အင်းလေအိမ်မက်မဟုတ်လို့ ကိုယ်မင်းကိုဖက်ထားတာပေါ့"
ဘုရားရေ ငါ့အတွေးတွေကိုပါသူကသိတာလား
"မင်း...မင်းဘယ်လိုရောက်လာတာလဲ အခုနက ငါမင်းကိုရှာတာမတွေ့ဘူးလေ"
"ကိုယ်ပျံလာတာ"
"မင်းမနောက်နဲ့ ဒါနောက်ရမယ့်အချိန်မဟုတ်ဘူး ငါလန့်လို့နှလုံးရပ်သေတော့မယ် ငါ့နားကခွာပေးပါ ငါတောင်းပန်ပါတယ် မင်းကိုခေါ်ဖို့လဲမရည်ရွယ်ပါဘူး "
ငါ့အသံတွေကပါတုန်လာနေပြီ။အမှန်တိုင်းပြောရရင် pete လဲကြောက်သည်လေ။
ဘယ်လိုမှုန်နေအောင်ချောတယ်ပဲပြောပြော
အကျင့်စရိုက်နဲ့ဘာအန္တာရယ်တွေပေးမယ်မှန်းမသိတဲ့ satan တစ်ကောင်က သူ့အခန်းထဲကသူ့အိပ်ယာထဲရောက်နေပြီးသူ့ခါးကိုပူးကပ်နေအောင်ဖက်ထားသည်မလား။ဘာဆက်လုပ်ရမလဲ လဲမသိတော့ဘူး။ သူ့ဘ၀အခြေအနေကတကယ်ဆိုးပြီးရင်ဆိုးပဲ။
"ကိုယ်နောက်နေတာမဟုတ်ဘူး တကယ်ပျံလာတာ အတောင်ပံကြီးနဲ့ပျံလာတာတော့ဘယ်ဟုတ်မလဲ လူသားအသေးလေးရယ်
ဒီတိုင်း မင်းကနာမည်ခေါ်လိုက်တာမို့
အောက်ထပ်မှာ လက်ချောင်းဖြတ်နေရင်း
အပေါ်တက်လာတာ"
KAMU SEDANG MEMBACA
Pete knows how to make a devil cry (Completed)
Fanfiction"pete မကြိုက်ဘူးလား? သတ်ပေးရမလား?" "pete မႀကိဳက္ဘူးလား? သတ္ေပးရမလား?"