"ကိုယ်နတ်ဆရာမကိုသတ်ခဲ့တာလေ"
သူ့စကားအဆုံးမှာ pete ကလုံး၀ပြာထွက်သွားသည်။ သွေးတစ်စက်စက်ကျနေတဲ့လက်နှစ်ဖက်ကို ဆွဲကြည့်လိုက်တော့ လက်စွပ်နောက်တစ်ကွင်းကပါပျောက်နေသည်မို့ငိုမဲ့မဲ့လေးဖြစ်နေတဲ့ peteကို
"မငိုနဲ့နော် ကိုယ့်လက်ကသွေးတွေနဲ့မို့သုတ်ပေးလို့မရသေးဘူး"
"မင်းကအရူးလားဟမ် လက်စွပ်တွေပျောက်ကုန်ရင်ဘာဖြစ်မလဲမင်းသိတယ်မလား
အဲ့တာကိုဘာလို့စွန့်စားပြီး ဆိုက်ကိုကောင်လိုလူတွေလိုက်သတ်နေရတာလဲ ""သူ့အစီအရင်တွေကြောင့်ကိုယ်မင်းဆီလာလို့မရတော့ဘူးလေ အဲ့တာကြောင့်"
Vegas က ....
Vegas ကငါ့ဆီလာလို့မရတော့လို့ဆိုတဲ့အကြောင်းပြချက်လေးတစ်ခုနဲ့သူ့အသက်တစ်ကွင်းကိုတောင်စွန့်လွှတ်ခဲ့သည်လား။
မြဲမြဲတွဲထားခဲ့မိသည့် လက်ဖ၀ါးကျယ်ကျယ်ကိုပြန်ငုံ့ကြည့်မိတော့
လက်စွပ်က ၈ကွင်းသာကျန်တော့သည်။ဒီထဲက၂ကွင်းက သူရယ်သူ့သတို့သမီးလောင်းရယ်အတွက် ချန်ထားရမည်လေ။
အဲ့တာဆိုစုစုပေါင်း ၆ကွင်းပဲကျန်တော့တာပေါ့။ခေါင်းထဲ၀င်လာတဲ့သတို့သမီးလောင်းဆိုတဲ့အတွေးကြောင့် ကိုင်ထားတဲ့လက်ကို ဆောင့်အောင့်ကာပစ်ချလိုက်သည်။
နောက်ဆိုသူများဆီပဲပါသွားမယ့်ကောင်ကဘာလို့ငါ့ကိုပိုင်ဆိုင်လိုစိတ်တွေဖြစ်အောင် မက်မောပြီးတပ်မက်အောင်ကြိုးစားချင်နေရတာလဲ။Vegas ကတော့ အခုနက၀မ်းနည်းရိပ်တွေပေါ်နေတဲ့မျက်၀န်းညိုဖျော့ဖျော့လေးက
ချက်ချင်းအညိုရင့်ရောင်ပြောင်းပြီး ခပ်စူးစူးလေးပြန်ကြည့်လာတာမို့ ခေါင်းထဲ question mark တွေတောင်ပေါ်လာရသည်။
ဒီလူကလေးက စိတ်အပြောင်းအလဲအရမ်းမြန်တယ်ရော်?။"ဘာဖြစ်တာလဲ အဲ့တာက"
ချက်ချင်းမေးလိုက်သော်လဲဟိုဘက်ကိုဟွန့်ကနဲလှည့်သွားသော လူကြောင့် vegasရဲ့ မျက်ခုံးတစ်ဖက်တောင်ပင့်သွားရသည်။
"မင့်သတို့သမီးလောင်းဆိုတာကရော ဘယ်မလဲ"
"ငါမတွေ့သေးဘူးလေ "
KAMU SEDANG MEMBACA
Pete knows how to make a devil cry (Completed)
Fiksi Penggemar"pete မကြိုက်ဘူးလား? သတ်ပေးရမလား?" "pete မႀကိဳက္ဘူးလား? သတ္ေပးရမလား?"