နေ့လယ်နွေက အလွန်ပူလွန်းလှသည်။ တလင်းပြင်ကွင်းပြောင်ပြောင် စပါးပုံများ ကောက်ရိုးပုံနံ့ဘေးမှာ ထိုင်လျက် ခေါင်းမှ ဆောင်းထားသော မြက်ဦးထုပ်ကို ချွတ်ကာ ယက်ခက်နေမိပါတော့၏။
"ပူလိုက်နေကွာ တော်သလင်းနေ ပုဇွန်သေဆိုတဲ့အတိုင်းပဲ နော့ ဆရာမလေး "
စပါးလှေ့နေရာမှ သူ့ကို လှမ်းအဖော်ညှိပြီးပြောလိုက်သော ဦးရီးဖိုးထောင်ကြောင့် ငှက်ပျော်ပင်တန်းဖက် ငေးနေသော နေညို က ပြုံးရင်းခေါင်းငြိမ့်ကာ နဖူးပေါ်က ချွေးစက်တွေကို ခေါင်းပေါင်းလာသော ပုဝါနှင့် သပ်ချကာ
"ဟုတ်ပါရဲ့ ဦးရီးရာ ကိုယ်တွေအလုပ်ကလဲ နေပူမိုးရွာ ရှောင်နေလို့မှ မဖြစ်တာပဲ"
"ဟုတ်တယ်ဗျို့ ဒါကတော့ ဟုတ်တယ်"
စပါးလှေ့သူ အိတ်ထဲသွတ်သူ တာလီမှတ်သူများနှင့် မလှမ်းမကမ်းမှာ သူအေးဆေးထိုင်လျက် စပါးချဥ်သည့့်သူကို အာရုံစိုက်နေသူက အဝယ်တော် နေညို ရယ်ပါ။
နေညိုက မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် အလုပ်လုပ်တဲ့နေရာမှာ ယောကျ်ားတွေရဲ့အနောက်မှာ ကျန်ရစ်နေသူမဟုတ်။ မြို့ကျောင်းတက် အင်္ဂလိပ်စာနှင့်အတွက်အချက်ပါ နိုင်နင်းသူဖြစ်သဖြင့် အဝယ်တော်လုပ်သက်တစ်နှစ်မပြည့်ခင်မှာပဲ သူဌေး၏ ယုံကြည်စိတ်ချစွာ နယ်လွှတ်ခြင်း ခံရလေသည်။
"ခေတ်ပျက်ကာလမှာ ဒီလိုနယ်လှည့်စပါးဝယ်ရတာ အန္တရယ်မများလွန်းဖူးလား ဆရာမလေးရဲ့"
ကွမ်းချိုးတွေအထပ်ထပ်နှင့် စရင်းငှါးလှသိန်းက သူသိလိုသော အရာကို ခပ်ဘွင်းဘွင်းမေးသဖြင့် နေညိုက ရယ်မောရင်း
"ဒါတွေရှောင်နေရင် ဘယ်ထမင်းနပ်မှန်ပါ့မလဲ ဦးလေးရယ် နေညိုဆိုတဲ့ ကျွန်မက ကျောပေါ်မှာ ဓားရှည်တစ်ချောင်းအမြဲပါပါတယ်ရှင် မပူပါနဲ့"
နေညိုဆိုသည့့်နမည်နှင့်လိုက်အောင် အသားက ခပ်ညိုညို မြင်းစီးပြီးသွားလာနေရသဖြင့် အရပ်ကရှည်ပြီး ကိုယ်ဟန်မြင့်သည်။ မင်းစိုးရာဇာကြိုက် ကိုယ်ဟန်အနေအထားနှင့် ညို့အားပြင်းသော မျက်နှာကျကြောင့် သွေးတိုးစမ်းသူက ဒုနှင့်ဒေး။
YOU ARE READING
ရာဝဏလို ...လူ...
Romanceသုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းလေးပါ။ အဝယ်တော် မိန်းကလေးရယ် မြို့အုပ်မင်းရယ် ကျေးတောရွာက မိန်းကလေးတစ်ဉီးကြားက ဆွတ်ပျံ့ဖွယ်အချစ် ဇာတ်လမ်းတစ်ပုဒ်။ သုံးပှငျ့ဆိုငျအခဈြ ဇာတျလမျးလေးပါ။ အဝယျတျော မိနျးကလေးရယျ မွို့အုပျမငျးရယျ ကြေးတောရှာက မိနျးကလေးတဈဦးကွားက ဆှတ...