"နေညို ငါတို့ သည်တဲမှာ အိပ်ကြမှာလား "
နေညိုက ပွေ့ချီလာခဲ့သော မြို့အုပ်စောယွန်းကို တဲငယ်ရှေ့ မလေးရှားပိတောက်ပင်ခြေရင်းသို့ ချပေးလိုက်တော့ မြို့အုပ်မင်းက လရောင်အောက်က စုတ်ဖွာဖွာတဲကို လက်ညှိုးထိုးရင်း နေညို့ကို မေးလေ၏။ နေညိုက မိုးညိုကို အပင်၏ ကိုင်းလတ်မှာ ချည်ရင်း အစာအနဲငယ်ချကျွေးကာ
"ဘာဖြစ်လို့လဲ မြို့အုပ်မင်းရဲ့ ကျွန်မတို့ သည်မှာ မအိပ်ရင် တောထဲမှာ အိပ်ရမှာလေ "
မှောင်မဲမဲတဲလေးထဲကို ဖယောင်းတိုင်မီးနှင့် ဉီးဆောင် ဝင်သွားသော နေညို့အနောက်မှ မြို့အုပ်မင်းစောယွန်း ကပ်လိုက်သွားပြီး မီးရောင်ငယ်ငယ်အောက်က တဲစုတ်၏ ရူပကာကို ကြည့်ရင်း နှာခေါင်း တရှုံ့ရှုံ။
"ကျွီး ... ကျလီ ... ရွှီး "
"အား ... နေညို့ရေ"
ရွှေခြေကျင်းဝတ် ခြေကျင်းဝတ်အနား ဖြတ်ပြေးသွားသော ကြွက်စုတ်တစ်ကောင်၏ အထိတွေ့ကြောင့် စောယွန်းလန့်အော်ပြီး နေညို့နောက်ကျောကို ကျစ်ကျစ်ပါ အောင် ဖက်ထားလိုက်ပါတော့၏။
"ဘာမှမဖြစ်ဘူး ... ကြွက်ပါ ... မကြောက်နဲ့နော်"
"ငါ ငါ မနေရဲဘူး ကြွက် ကြောက်တယ် "
တုန်တုန်ရီရီဆိုလာသော မြို့အုပ်မင်းကြောင့် နေညို သက်ပြင်းချမိပါတော့၏။ အတော်လှန့်သွားပုံရ၏။ သူ့နောက်ကျောကို တောက်တဲ့လို ကပ်ပြီး စိုစွတ်စွတ်မျက်ရည်အချို့က နေညို့ကျောပေါ်စွဲထင်ကာ။ နေညိုဟာ တဲအတွင်း သစ်သားတိုင် တစ်ခုပေါ် ဖယောင်းတိုင်ကို ဆိုက်လိုက်ပြီး ထိတ်လန့်နေသေးသော မြို့အုပ်မင်း၏ လက်ကို ဆွဲကာ တဲဆင့်ပေါ် ထိုင်စေ၏။
"မြို့အုပ်မင်း ....ကျွန်မကိုကြည့် "
တသိမ့်သိမ့်ရှိုက်ပြီး မျက်လုံးမဖွင့်ရဲသော မြို့အုပ်မင်း၏ လက်ဖဝါးနှစ်ဖက်ကို နေညို့ဆုပ်ကိုင်ပြီး သူ့မျက်လုံးတွေကိုကြည့်ရန်ပြောလိုက်သောအခါ စောယွန်း၏ မျက်ခွံမို့မို့ မပွင့်တပွင့် ပွင့်လာပြီး နေညို၏ မျက်ဝန်းညိုညိုတွေကို ဆိုက်ကြည့်လာ၏။
YOU ARE READING
ရာဝဏလို ...လူ...
Romanceသုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းလေးပါ။ အဝယ်တော် မိန်းကလေးရယ် မြို့အုပ်မင်းရယ် ကျေးတောရွာက မိန်းကလေးတစ်ဉီးကြားက ဆွတ်ပျံ့ဖွယ်အချစ် ဇာတ်လမ်းတစ်ပုဒ်။ သုံးပှငျ့ဆိုငျအခဈြ ဇာတျလမျးလေးပါ။ အဝယျတျော မိနျးကလေးရယျ မွို့အုပျမငျးရယျ ကြေးတောရှာက မိနျးကလေးတဈဦးကွားက ဆှတ...