Part 3

502 76 20
                                    

"နေညို ငါတို့ သည်တဲမှာ အိပ်ကြမှာလား "

နေညိုက ပွေ့ချီလာခဲ့သော မြို့အုပ်စောယွန်းကို တဲငယ်ရှေ့ မလေးရှားပိတောက်ပင်ခြေရင်းသို့ ချပေးလိုက်တော့ မြို့အုပ်မင်းက လရောင်အောက်က စုတ်ဖွာဖွာတဲကို လက်ညှိုးထိုးရင်း နေညို့ကို မေးလေ၏။ နေညိုက မိုးညိုကို အပင်၏ ကိုင်းလတ်မှာ ​ချည်ရင်း အစာအနဲငယ်ချကျွေးကာ

"ဘာဖြစ်လို့လဲ  မြို့အုပ်မင်းရဲ့ ကျွန်မတို့ သည်မှာ မအိပ်ရင် တောထဲမှာ အိပ်ရမှာလေ "

မှောင်မဲမဲတဲလေးထဲကို ဖယောင်းတိုင်မီးနှင့် ဦးဆောင် ဝင်သွားသော နေညို့အနောက်မှ မြို့အုပ်မင်းစောယွန်း ကပ်လိုက်သွားပြီး မီးရောင်ငယ်ငယ်အောက်က တဲစုတ်၏ ရူပကာကို ကြည့်ရင်း နှာခေါင်း တရှုံ့ရှုံ။

"ကျွီး ... ကျလီ ... ရွှီး "

"အား ... နေညို့ရေ"

ရွှေခြေကျင်းဝတ် ခြေကျင်းဝတ်အနား ဖြတ်ပြေးသွားသော ကြွက်စုတ်တစ်ကောင်၏ အထိတွေ့ကြောင့် စောယွန်းလန့့်အော်ပြီး နေညို့နောက်ကျောကို ကျစ်ကျစ်ပါ အောင် ဖက်ထားလိုက်ပါတော့၏။

"ဘာမှမဖြစ်ဘူး ... ကြွက်ပါ ... မကြောက်နဲ့နော်"

"ငါ ငါ မနေရဲဘူး ကြွက် ကြောက်တယ် "

တုန်တုန်ရီရီဆိုလာသော မြို့အုပ်မင်းကြောင့် နေညို သက်ပြင်းချမိပါတော့၏။ အတော်လှန့်သွားပုံရ၏။ သူ့နောက်ကျောကို တောက်တဲ့လို ကပ်ပြီး စိုစွတ်စွတ်မျက်ရည်အချို့က နေညို့ကျောပေါ်စွဲထင်ကာ။ နေညိုဟာ တဲအတွင်း သစ်သားတိုင် တစ်ခုပေါ် ဖယောင်းတိုင်ကို ဆိုက်လိုက်ပြီး ထိတ်လန့့်နေသေးသော မြို့အုပ်မင်း၏ လက်ကို ဆွဲကာ တဲဆင့့်ပေါ် ထိုင်စေ၏။

"မြို့အုပ်မင်း ....ကျွန်မကိုကြည့် "

တသိိမ့်သိမ့်ရှိုက်ပြီး မျက်လုံးမဖွင့်ရဲသော မြို့အုပ်မင်း၏ လက်ဖဝါးနှစ်ဖက်ကို နေညို့ဆုပ်ကိုင်ပြီး သူ့မျက်လုံးတွေကိုကြည့်ရန်ပြောလိုက်သောအခါ စောယွန်း၏ မျက်ခွံမို့မို့ မပွင့်တပွင့် ပွင့်လာပြီး နေညို၏ မျက်ဝန်းညိုညိုတွေကို ဆိုက်ကြည့်လာ၏။

ရာဝဏလို ...လူ...Where stories live. Discover now