"မီးတုံး စပါးအမျိုးအစားကောင်းတွေ ရထားတာတာ ဆုကြေးပြေးမလွတ်ဖူးပေါ့ ဆရာမလေးရဲ့ ဟုတ်စ"
လှည်းပေါ်ကို တင်နေသော စပါးအိတ်တွေကို လိုက်ကြည့်ရင်း ရေနွေးသောက်နေသော နေညိုက သွားတန်းညီညီတွေပေါ်သည့့်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလေ၏။ ဦးကျော်ဇ၏ အဆိုပြုချက်ကို ဦကျော်ဇဆီမရောက်ပဲ မခိုတယို့လေးပြုံးနေသော မမြကလေးဆီ အကြည့်တွေ အဆုံးသတ်ရင်း
"ဆုကြေးထက်ပိုပြီး နှစ်သက်မိတာကရှိနေတော့ လုပ်ကိုင်ရကျိုးနပ်ပါတယ် သူကြီးမင်းရဲ့"
မျက်လွှာချပြီး ရဲသွားသော ပါးမို့နှစ်ဖက်မှာ အကြင်နာတွေ သီကုံးချင်မိပါရဲ့ မမြကလေးရဲ့။ ခပ်ဖြာနေသော ဆံပင်ရှည်များကို ညာဘက် ပခုံးမှာ ကျော်လျက် ခါးစပ်အထိ ချထားကာ ပန်းနီနီတစ်ပွင့်ပန်ထားပုံက မြတ်နိုးစရာအတိ။
"ဆရာမလေး အကုန်တင်ပြီးပြီ သွားလို့ရပါပြီ"
လာပြီး ပြောသော အကူအထမ်းမ်းသမားကျော်သောင်းကြောင့် တစူးတစိုက်ုက်ကြည့်မိသော မျက်ဝန်းတွေကို သိမ်းဆည်းလိုက်လေ၏။ လွယ်ထားသော ဖျင်ကြမ်းအိတ်ထဲက ငွေအချို့ကို ထုတ်ယူကာ သူကြီးမင်းထံ ကမ်းပေးလိုက်ရင်း
"စစ်ကြည့်ပါအုံး သူကြီး ကျွန်မစစ်စစ်တော့လာတယ် လိုတာ ပိုတာတွေ ရှိမရှိ စစ်ကြည့်ပေအုံး"
"ဟော မလိုပါဖူး ဆရာမရာ ယုံကြည်ရတဲ့ မိတ်ဆွေတွေပဲ ပြည့်မှာပါ နောက်လဲ ဝင်ထွက်သွားလာ ကျုပ်က ထမင်းတောင်ကျွေးချင်တာဗျ မြကလေးလက်ရာကို တခါ စားကြည့် စွဲသွားမှာ သေချာတယ်"
ဂုဏ်ယူဝင့့်ကြွားသော အသံနှင့် ပြောလေသော သူကြီးကို နေညို မချိတရိ ပြုံးမိ၏။ရင်ထဲက ခပ်တိုးတိုးလေး ဆိုမိသည်က "မြကလေးကိုတော့ စွဲမိသွားပြီ" ဟုပင်။
"နောက်လဲ ကြုံရမှာပေါ့ ဟုတ်တယ်နော် မမြကလေးရဲ့"
အထွန့်ွန့်အကွန့်အညွှန့်လေးနှင့် မထိတထိ ဆိုလိုက်သော နေညို၏ စကားအသွားအလာကြောင့် မမြကလေး၏ အဝါရောင်ပါးကွက်လေးမှာ ပန်းသွေးရောင်ရဲရဲစိုလို့။ "မြို့ကြီးသူ က စကားတက်ရန်ကော"။
YOU ARE READING
ရာဝဏလို ...လူ...
Romanceသုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းလေးပါ။ အဝယ်တော် မိန်းကလေးရယ် မြို့အုပ်မင်းရယ် ကျေးတောရွာက မိန်းကလေးတစ်ဉီးကြားက ဆွတ်ပျံ့ဖွယ်အချစ် ဇာတ်လမ်းတစ်ပုဒ်။ သုံးပှငျ့ဆိုငျအခဈြ ဇာတျလမျးလေးပါ။ အဝယျတျော မိနျးကလေးရယျ မွို့အုပျမငျးရယျ ကြေးတောရှာက မိနျးကလေးတဈဦးကွားက ဆှတ...