Part 2

475 76 15
                                    

ရေနံ့တွေဝနေအောင်သုတ်ထားသော အိမ်ကြီး၏ လှေကားက ကျွန်းရောင်ကြောင့် နင်းရက်စရာမရှိ။ပုံတော်ဖိနပ်ကိုမချွတ်ပဲ တက်ရန်ဟန်ပြင်သော မြို့အုပ်မင်းကြောင့် နေညိုတားရသေးသည်။ သည်အမျိုးသမီးဟာလေ တကယ့်အမြင့်စံပါပဲလား။ နေညို့ရဲ့ ကတ္တီပါဖိနပ်ခပ်စုတ်စုတ်အနားကပ်ပြီးချွတ်ထားတဲ့ ဘော်ကြယ်စီဖိနပ်လှလှလေးက လှေကားဝမှာ ချွတ်ချန်ခဲ့ဖို့ အရမ်းကို ခမ်းနားနေခဲ့သည်မဟုတ်လား။

"ကြွကြပါ ...အဝယ်တော် ဆရာမလေးရော ဧည့်သည်အစ်မရော အကြမ်းရေလေး သုံးဆောင်ပါအုံး "

သူကြီးမင်း၏ ဖိတ်ခေါ်မှု့ကြောင့် ဧည့်ခန်းဆောင် ဖျာချောထက် ဝင်ထိုင်လိုက်တော့

"မြကလေးရေ ...ဧည့်သည်တွေအတွက် ရေနွေးဗန်းနဲ့ အချိုပွဲလေး ...အကိုကြီးကို ယူခဲ့ပေးပါအုံးကွယ်"

သူကြီးမင်းဦးကျော်ဇ၏ ခပ်ချိုချိုခေါ်သံကြောင့် မြကလေးဆိုသော အမည်ရှင်သည် အနောက်ဆောင်ပြတင်းတံခါးက ဓာတ်ရှင်မင်းသမီးင်းသမီးလေးများဖြစ်နေမလား ဟူသော အတွေးမျိုးနှင့် နေညို လှမ်းကြည့်မိ၏။

ခန်းစီးပုဝါစအလွင့် .....ယွန်းဗန်းလေးကို ကိုင်ကာ ထွက်လာသော သူယောင်မယ်ကို မြင်လိုက်ရသော နေညိုသည် မျက်တောင်ခတ်ဖို့ပင် မေ့လျော့သွားခဲ့ပါတော့၏။ ပဒုမ္မာအပါးအစကို ကဇွန်းပွင့်သဏ္ဍာန်လက်နှင့် စူရတီလုံချည်လေးကို ချပ်ချပ်ရပ်ရပ်ဆင်မြန်းထားသော ကျေးတောသူအမျိုးသမီးကြောင့် အဝယ်တော်နေညို၏ နှလုံးသားသည် ဆည်တောင်ရိုးရွာတွင်
ကျပြောက်ခဲ့ရလေပြီ။

ကန့့်လန့်ကာချထားသော ခပ်မို့မို့မျက်လွှာ သေးသေးသွယ်သွယ်နှာတံလုံးလုံးလေး ဆေးမခြယ်ထားသော နှုတ်ခမ်းဖူးဖူးလေးနှင့် ပါးကွက်ညီညီလူးထားသော ပါးမို့မို့လေး။ တပတ်လျှိုဆံထုံးလေးမှာ ပန်ထားသော တောပန်းဝါဝါ။

"အဟမ် း...ဟမ်း ...နေညို  ပြုတ်ကျကုန်ပြီ ပြန်ကောက်အုံး "

ရေနွေးဗန်းလာချပေးသော အမျိုးကောင်းသမီးကို စူးစူးစိုက်စိုက်ငေးကြည့် မှတ်တမ်းပြုနေသော နေညို ဘေးမှာ ခပ်ပုံ့ပုံ့ထိုင်နေသော မြို့အုပ်မင်း၏ ပေါင်ကို တို့ကာ သတိပေးချက်ကြောင့် ရှက်ကိုးရှက်ကန်း သတိပြန်ဝင်လာကာ

ရာဝဏလို ...လူ...Where stories live. Discover now