Part 5

374 67 13
                                    

တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသော နေလုံးကြောင့် မီးတုံးစပါးတင်လာသော လှည်းဦးထိပ် မြင်းပေါ်က နေညို ကညင်ဆီ မီးတုတ်ကို ထွန်းညှိလိုက်ရလေ၏။ ငွေကွန်ူကို ရောက်အောင် သွားချင်ပေမယ့် ညနေ ၆ နာရီအတိမှာပင် မြို့ရိုးဂိတ်က ပိတ်သွားပြီမို့ ခပ်မှန်မှန်သာ လာရင်း တောလမ်းတစ်နေရာမှာ စတည်းချရန်သာရှိတော့၏။

"ကိုအောင်ဗလ ဒီတေါထဲ ဘယ်နေရာမှာ စတည်းချဖို့ အဆင်ပြေလောက်မလဲ "

ထိပ်ဆုံးလှည်းပေါ်က တာလီစာရေးက နယ်ခံဖြစ်သောကြောင့် နေညို မေးလိုက်ခြင်းပင်။ ကိုအောင်ဗလက အနည်းငယ် စဥ်းစားလိုက်ရင်း

"တောလမ်း အကွေ့မှာ စမ်းမြှောင်တစ်ခုတော့ ရှိမယ်ဆရာမလေးရဲ့ ကျုပ်တို့ အဲ့သည်ကိုရောက်အောင် သွားလိုက်မယ် ဆရာမလေးကတော့ အနီးအနား ရွာ မှာ ဝင်တည်းလိုက်ပါ "

အားလုံးက ယောကျ်ားသားတွေ ဖြစ်ပြီး နေညိုက မိန်းကလေးတစ်ယောက်ထဲမို့ ကိုအောင်ဗလက အတူရှိမနေစေချင်သဖြင့် ပြောလိုက်ခြင်းမှန်း နေညို ရိပ်မိသွားလေဖြင့်

"ကောင်းပြီလေ ကိုအောင်ဗလပဲကြည့်စီစဥ်လိုက်ပေါ့ စိတ်ချမယ်နော် ဒီမှါပဲ လမ်းခွဲကြတာပေါ့"

ကိုအောင်ဗလကလဲ သူဌေးလူယုံတစ်ပိုင်း အတွေအကြုံပြည့်သော လူမို့ စိတ်မချစရာ အကြောင်းမရှိတာကြောင့် နေညို လှည်းစုနှင့့် ခွဲထွက်လာခဲ့လေတော့၏။

"ဒိုင်း "

"ဟီး ...ဟီး"

ပြစ်ဖောက်လိုက်သော တူမီးသေနတ်သံကြောင့် နေညို၏ မြင်းပါ လန့့်ဖြန့်ပြီး ပဒက်ထရပ်သဖြင့် မြင်းဇာတ်ကြိုးကို အသာကုန်ဆွဲထားရပါတော့၏။ ညကြီး မိုးချုပ် ဘယ်အရပ်က သေနတ်သံပါလိမ့်။

"ဒိုင်း .....ဒက် .....ဒက် ....ဒိုင်း"

"ငါ့တို့ မြေကို အုပ်စိုးချင်တဲ့ တစ်ကျွန်းသားတွေ အကုန် သတ်ပြစ်ဟေ့ "

"ယား "

"ချွမ်း ....ချလွမ်"

ညာသံပေးလာသော လူအုပ်ဆီမှ အသံများနှင့် သေနတ်သံတွေ ဓားချင်းထိခတ်သံတွေက သူနှင့် မျက်နှာချင်းဆိုင် တောတန်းလမ်းမှ ထွက်ပေါ်လာနေ၏။ ကြည့်ရတာ မျိုးချစ်ပုဂ္ဂိုလ်များနှင့် တစ်ကျွန်းသားလောက်ကောင်တွေ တိုက်ပွဲဖြစ်နေပုံရ၏။

ရာဝဏလို ...လူ...Where stories live. Discover now