ခုနှစ်ပတ်ဘုရား၏ နေ့နံ့ထောင်တွေကို ဘုရားပန်းလဲရင်း ရင်ပြင်တော်ကို သန့်ရှင်းရေးလုပ်နေသူ အမျိုးသမီးတစ်စု၏ ပုံရိပ်တွေက ရောင်တော်ဖွင့်စေတီတော်ကုန်းတော်ပေါ်မှာ မနက်အာရုဏ်ဉီး၏ အလင်းရောင်ခြည်အောက် ကျက်သရေတင့်လှ၏။
"မမလေးမြ ....ကျွန်မတို့ သပြေတွေကို ပေါင်းပြီး နှင်းဆီ အနီနဲ့ ရောထိုးမှာပေါ့နော်"
အာပေါင်းအာရင်းသန်သန်စကားကျယ်ကျယ်နှင့် ပါးကွက်ကြားကြီးကြီးကွက်ထားသော မသန်းလှကို မြကလေးက လှည့်ကြည့်ရင်း ပြုံးကာ ခေါင်းငြိမ့်ပြ၏။ နှင်းဆီပန်းနီနီတွေကို ဖက်ရွက်ကြီးနှင့် ဆူးမထိအောင် စည်းလာသည်ကို ဖြေကာ ရေသန့်စင်နေသူက ဆည်တော်ရိုးရွာ၏ သူကြီးကတော်လေး။
"မမြလေး ဆူးတွေစူးရော့မယ် ကျွန်မ သန့်စင်ပေးရမလား"
"ဟင် "
ဘယ်လို ဘယ်ပုံနှင့် ထပ်ရောက်လာရပြန်တာလဲ။ အခုလဲ ကြည့်ပါလေ ခုနှစ်ပတ်ဘုရားကြီးနံဘေး ကျောက်စက်ရေကန်လေးအနီး ပန်းများ ရေသန့်စင်နေသော မြကလေး၏ လက်ဖမိုးနုနုကို အုပ်ကိုင်ရင်း ပြုံးစစ ကြည့်နေသူက နေညို ဆိုသော အဝယ်တော်။
"လွှတ်ပါရှင် မတော်ပါဖူး "
နေညိုက ပြုံးယောင်ယောင်မျက်နှာပေးနှင့် လက်ဖမိုးနုနုပေါ်မှ သူ့လက် ရုတ်ကာ နောက်ပြန်ထားရင်း
"ကျွန်မက ကူညီချင်လို့ပါ ဒီဘဝတင်မက နောင်ဘဝအထိပါ မမြလေးနဲ့ ရေစက်စုံချင်မိလို့ပါလေ "
"အိုး ....ပြောရဲလိုက်တာ မိန်းမခြင်းတောင် အသားယူတဲ့ စကားတွေ ပြောထွက်တာ ရှက်စရာပဲရှင့်"
နှင်းဆီပန်းစီးကို ရေဗုံးနဲ့ ဗွမ်းခနဲ ပြစ်ချကာ မတ်တပ်ရပ်လျက် နေညို့ကို ခပ်စွာစွာပြန်ရန်တွေ့လိုက်သော မြကလေး၏ ဟန်ပန်က စိတ်မဆိုးပဲ အသဲယားချင်စရာ ပွေ့ဖက်ထားလိုက်ချင်စရာ။ အခုတော့ဖြင့် ပါးကွက်ဝါဝါလိမ်းထားသော ပါးမို့မို့ ဒေါသအရောင်နဲ့ ပန်းရောင်လွှမ်းကာ နေညို့ကို ကျောခိုင်းပြီး ထွက်သွားချေပြီ။ ပုဒမ္မါအင်္ကျီချပ်ချပ် ဝတ်ထားသော ခါးသွယ်သွယ်က အနောက်မှ သိမ်းဖက်ချင်စရာပင်။
YOU ARE READING
ရာဝဏလို ...လူ...
Romanceသုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းလေးပါ။ အဝယ်တော် မိန်းကလေးရယ် မြို့အုပ်မင်းရယ် ကျေးတောရွာက မိန်းကလေးတစ်ဉီးကြားက ဆွတ်ပျံ့ဖွယ်အချစ် ဇာတ်လမ်းတစ်ပုဒ်။ သုံးပှငျ့ဆိုငျအခဈြ ဇာတျလမျးလေးပါ။ အဝယျတျော မိနျးကလေးရယျ မွို့အုပျမငျးရယျ ကြေးတောရှာက မိနျးကလေးတဈဦးကွားက ဆှတ...