616 83 5
                                    

"ဒီသဘောကျနေတဲ့ စိတ်ကြီးက ဘာကြီးလဲကွာ..!!!!"

ထိုနေ့ကစ၍ ဆောနူအချစ်ထံစတင်ကျဆုံးခဲ့ပါသည်။သူ့စိတ်သူနားမလည်ခဲ့သလို သဘောကျသည်ဆိုသည့် ခေါင်းစဉ်ကို ရှောင်ဖယ်ထားခဲ့သည်။

အရင်ကဆောနူနှင့် မတူအောင် ကွာခြားလာသည်က ရပ်ကွက်ထဲ အမြဲလည်ပတ်နေတတ်သည်။ သူ့၏ကိုယ်ပိုင်စက်ဘီးအဖြူလေးနဲ့ဖြစ်စေ။ လမ်းလျှောက်ရင်းဖြစ်စေ။ တစ်ခုမဟုတ်တစ်ခု ဝယ်စရာရှိသည်ဟု ဆင်ခြေအများဆုံးပေး၍ ရပ်ကွက်ထဲက Convenienceဆီတွင် သူ့ခြေရာတွေ ထပ်လို့နေသည်။

တစ်ပါတ်အတွင်း ရပ်ကွက်ထဲအနှံ့လှည့်လည်မှုမှာ လေးခါလောက် နောက်ကျောပြင်တွေကို ဝမ်းသာအားရစွာ တွေ့ရတတ်သည်ကို ဆောနူရှာဖွေတွေ့ခဲ့သည်။ ညနေဘက်တွေမှာ ခဏခဏတွေ့ရသည့် နောက်ကျောပြင်က ရက်ကွက်ရဲ့ မြက်ပင်ထူထပ်သည့် လမ်းဘေးတစ်လျှောက်တွေ။ တစ်ခါတစ်ခါတော့ အားကစားကွင်းနားက မြက်ပင်တွေကြား။ မထင်မှတ်ထားရင် သူ့အိမ်အနီးနားက ခြံတစ်ချို့မှာ‌လည်း မြက်ပုတ်တောင်းတစ်ခုနှင့် တွေ့ရတတ်သည်။ရီခီကို‌ ထောင့်မျိုးစုံမှ သူဝေ့လည်ကြောင်ပတ်နှင့် လိုက်ချောင်းခဲ့ပါသည်။

သူ့ကိုသူဘာလုပ်နေမိမှန်း စဉ်စားမရပေမယ့် စိတ်စေလိုရာကိုတော့ ဆောနူမကန့်ကွက်ခဲ့။

မြက်ပုတ်တောင်းအဖြေဟာ ယုန်ဆယ်ကောင်ကျော်လောက် မွေးထားသည့်ရီခီက ယုန်စားရိပ်ရှာခြင်းဖြစ်နေမှန်း သိခဲ့ရသေးသည်။

ဒီအနီးတစ်ဝိုက်မှာပဲ အမြဲတွေ့ရသည့် ရီခီကသေချာပေါက် ဒီရပ်ကွက်အတွင်းမှ ဖြစ်သည်ဆိုတာ မှန်းကြည့်စရာပင်မလိုခဲ့။
အားကစားကွင်းထဲမှ ထိုင်ခုံပေါ် တစ်‌ေယာက်တည်း ထိုင်‌နေသည့်ရီခီကို တွေ့ဆုံမိတုန်းက ဆောနူရီခီအိမ်ပြန်သည့်အချိန်ထိ အဝေးမှစောင့်ကာ လိုက်ချောင်းခဲ့ဖူးသည်။
ထို‌နေ့မှပင် သုံးလမ်းကျော်မှာရှိသည့် ရီခီအိမ်ကို ပထမဆုံးသိခဲ့ပါသည်။


ဒီရက်တွေအတွင်း ရီခီနောက် တကောက်ကောက်နှင့် အဝေးမှကြည့်ရင်းပင် ပျော်ရွှင်နေသည့်စိတ်ကို ဆောနူ ပြန်သုံးသပ်နေခဲ့သည်။ မြင်ရတွေ့ရလျှင် ပျော်သည်။ ထပ်ခါထပ်ခါ နောက်ကျောပြင်တွေကို တွေ့ချင်မိသည့် လွမ်းဆွတ်စိတ်ကလည်း ကပ်ပါလာတတ်သည်။

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now