200 34 8
                                    

" (13/100) F"

‌senseiအပြင်ထွက်မသွားမှီ ဝေပေးသွားခဲ့သော အင်္ဂလိပ်စာအဖြေလွှာပေါ်က မှင်နီကြီးကြီးနဲ့ ရေးထားတဲ့ သူ၏ရမှတ်လေးကို ဆောနူ မျက်တောင်မခတ်၊မလှုပ်မယှက်ဖြင့် ကြည့်နေမိသည်။

" မင်း ထပ်ပြီးFရပြန်ပြီလား"

" . . . . . . . "

ဘေးမှာ သူ့အမှတ်ကို လာကြည့်ပြီးပြောသည့် ခန်ဂျိုကိုပင် ပြန်မဖြေနိုင် သူ့နှဖူးနှင့် စာရေးခုံကို အားမရှိစွာ မိတ်ဆက်လိုက်မိသည်။

"ထူးဆန်းလို့လား How are youတောင် Hawaiiလုပ်နေတဲ့ကောင်ကို"

မာဆုဒ မထူးဆန်းစွာ ရေ‌ရွတ်လိုက်ရင်း 69မှတ်ဖြင့် ကပ်သီးလေးအောင်ထားသည့် သူ့အဖြေလွှာကို သနေသည်။

"ဟေး ဟေး၊ မင်းပြောသလောက်တော့မဆိုးပါဘူး ‌ငါBEN 10သီချင်းတောင် အလွတ်ဆိုနိုင်သေးတယ် ဘယ်ကိုလာအထင်သေးနေတာလဲ"

မကျေမချမ်း ဆောနူခေါင်းထောင်ကာ ပြန်စွာလာသည်။ အဟုတ်မှတ်၍ နားထောင်နေသာ မာဆုဒ အံ့ဩစွာကြည့်နေပြီး ခဏကြာမှ ဆောနူအနားလာကာ အနားရှိရာ စာအုပ်ယူ၍ နောက်စိပိတ်ရိုက်လိုက်သည်။

"အာ့.... ဆုဒကွန်!! "

"မင်း BEN 10က စာမေးပွဲထဲမှာမေးလား၊ ဒီလောက်ဖြစ်နေတာတောင် ထည့်ပြောနိုင်သေးတယ်"

မာဆုဒရိုက်သွားသည့် နောက်စိကို မကျေမချမ်း ဆောနူပွတ်လိုက်ရင်း နေရာကိုပြန်သွားသည့် နှစ်ကောင်ကို နှုတ်ခမ်းကြီးဆူထားကာ လိုက်ကြည့်မိသည်။

*နည်းနည်းပါးပါးနှစ်သိမ့်ပေးမယ်မရှိဘူး။ အောင်တဲ့ကောင်တွေဆိုတော့လည်း လုပ်ထားပေါ့။*

"အိမ်ကဆူတော့မှာများလား"

အတွေးနှင့်အတူ ဆောနူသက်ပြင်းလေးချမိကာ မျက်စောင်းထိုးက လစ်ဟာနေသည့် ပြတင်းပေါက်ဘေးမှခုံလေးကိုပါ လှမ်းကြည့်သည်။ ရီခီ ခွင့်ယူထားသည်မှာ ၂ရက်ရှိနေပြီဖြစ်ပြီး ဆောနူအတွက်တော့ ရီခီမျက်နှာမမြင်ရသည်မှာ နှစ်နှစ်လောက်ကြာသွားသလိုပင် ခံစားနေရသည်။ Audition ဖြေရန် ရီခီဟန်းဂုဘက် ခဏသွားမည်ဟု သတင်းသဲ့သဲ့ကြားထားရပြီး ရက်အတိအကျမသိရသော်လည်း ခွင့်တစ်ပါတ်ကျော်လောက် ကြာဦးမည်ဟု သိထားရသည်။

You've reached the end of published parts.

⏰ Last updated: Jun 10 ⏰

Add this story to your Library to get notified about new parts!

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now