690 82 30
                                    

ယနေ့သည်တော့ Saturday ကျောင်းနားရက်မို့ ဆောနူ ပုံမှန်ထက် နည်းနည်းနောက်ကျမှ အိပ်ယာထမိသည်။ နေ့လည်ဆယ့်တစ်နာရီထိ မနက်စာလွတ်ရုံပါပဲ။
ပိတ်ရက်တွင် ခြံထဲအပင်စိုက်ဖို့ရာ ပလန်ရှိသော်လည်း အခုထမင်းစားပွဲမှာ မျက်လုံးပြူးလျက် မှောက်အိပ်ရင်း ဖင်ကအပျင်းကော်နှင့်ကပ်နေကာ ထမရ...။

သုံးဘီးကားရောင် နံရံပေါ်က တိုင်ကပ်နာရီ တချက်ချက် အသံကသာ အခန်းတွင်းကြီးစိုးနေသည်။ အစီအရီတင်ထားသည့် ပြောင်လဲ့လဲ့ ပန်းကန်၊ခွက်များနှင့် ဘေစင်နားက ပြတင်းပေါက်မှ အနားသတ်တွေ တလွင့်လွင့်ဖြစ်နေသော လိုက်ကာစအဖြူကို ဆောနူအကြောင်းမဲ့ကြည့်နေမိသည်။

"မျက်နှာမသစ်ရသေးပဲ စားပွဲမှာဘယ်လိုကြီးလုပ်နေတာလဲ"

"....."

ပြန်မပြောနားမထောင်နှင့် အိပ်ခန်းထဲမှ ထွက်လာသည့် အမေ့ကိုတစ်ချက်သာ လှမ်းကြည့်လိုက်သည်။ ရေချိုးပြီးထင်သည့် အမေ့ဆီမှ ရှန်ပူနံ့သင်းသင်းက အခန်းတွင်းပျံ့လွင့်လာ၏။ ဆိုထိုင်း‌နေသေးမှန်း သိသာသည့် အမေ၏နီညိုရောင်ဆံပင်များကလည်း တံဘက်တင်ထားသည့် ပုခုံးပေါ် ပြန့်ကျဲ‌နေသည်။

"မနက်စာ ပေါင်မုန့်ညှပ်လုပ်ထားတယ် နေ့လည်တောင်ရောက်နေပြီ စားလိုက်ဦး"

"ဟုတ်ကဲ့ပါ"

‌သူ့ကိုသူ‌ မော်ဒယ်တစ်ယောက်အလား ဆောနူ ပုံစံတစ်ချက်မှ မပျက် ပျင်းတိပျင်းရွဲ့ဖြေလိုက်သည်။ ရေချိုးပြီး၍ ကော်ဖီပူပူတစ်ခွက် ဝင်ဖျော်သည့် အမေကတော့ သူ့ကိုမတတ်နိုင်သည့်ပုံ ကြည့်ကာ ဘာမှထပ်မပြောလာ။

"‌ပိတ်ရက်သစ်ပင်စိုက်ပြီး အိမ်ရှေ့က ပန်းပင်တွေတောင်ကြုံတုန်းရေလောင်းပေးဦးမှာဆို"

"မနက်ဖြန် ရက်ချိန်းလိုက်ပြီ"

"ဟင် ဖြစ်သွားပြန်ပြီ..."

"နေ့လည်တောင်ရောက်သွားပြီး နေကလည်းပူနေပြီဆိုတော့ မနက်ဖြန်မှ လုပ် တော့ မ လား လို့"

"ညနေ နေအေးရင် လုပ်လို့ရသားပဲ"

အငွေ့တစ်ထောင်းထောင်းနှင့် ရေနွေးပူကို ကြွေဖန်ခွက်ထဲထည့်ရင်း အမေက သူ့အားလှမ်းပြောသည်။ အပူလောင်နေပါဦးမယ် အမေရယ်။

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now