496 77 16
                                    

ရည်းစားစကားပြောခံရပြီး ကျဉ်းထဲကျပ်ထဲအခြေအနေကနေ ဆောနူရုန်းထွက်လာနိုင်၍ စိတ်ထဲတစ်ကြောင်းအေးသွားရင်း သက်ပြင်းရှည်မိသည်။ သို့သော် ရီခီနှင့်မျက်နှာချင်းဆိုင်ရမည့် အကြောင်းကိုတွေရင်း စိတ်မအေးနိုင်ပြန်ပေ။

ဂျောင်ပိတ်ရည်းစားစကားပြောခံရချိန် ရီခီကြားဖြတ်ဝင်ပြောလိုက်စဉ်က ဆောနူမျက်လုံးတွင် ရီခီနောက်ကျောမှာ စူပါမင်းဝတ်ရုံတွေထွက်နေတာကိုပင် မြင်လိုက်ရသလို။ ထိုကျောင်မလေးဆီမှ ရှောင်ထွက်လာနိုင်ခြင်းက ရီခီ၏ ကယ်တင်ခြင်းဟုဆိုနိုင်သည်မို့ စိတ်ထဲ ‌ကျေးဇူးတင်လိုက်မိသည်။ ဒါပေမယ့်...။

သူစိတ်မအေးနိုင်ပါ၊ ခံစားချက်မရိုးသားသော ဆောနူ ရီခီနှင့် မျက်နှာချင်းဆိုင်ဖို့ရာ ခြေလှမ်းတို့က ခက်ခဲနေသည်။

ဟုတ်တယ်...အေးဆေးပဲ။ စိတ်ထဲရေရွတ်လိုက်သည့်အသံ။ သို့သော် အပြင်ဘက်‌တွင်တော့ ဒူးတွေက ကြိတ်စက်လို တုန်လာပြီး၊ ကော်ဖီသုံးခွက်သောက်လိုက်ရသလို။ ၊ရီခီနှင့်ထိပ်တိုက်တွေ့တိုင်း ခံစားချက်တွေက ဟိုးအစတုန်းကလို မပြောင်းလဲသေးပေ။

အရှေ့မှ ဘယ်အထိသွားနေမှန်းမသိသော ရီခီနောက် ဆောနူဘုမသိဘမသိ လိုက်ရင်း ဘာဖြစ်မလဲဆိုသည့် အတွေးများက ခေါင်းတွင်းကြီးစိုးနေသည်။
ပန်းချီခန်းရှေ့မှာ ရီခီခြေလှမ်း ရပ်သွားကာ အနောက်မှ ဆောနူပါခြေလှမ်းတွေ တွန့်သွားပြီး ရီခီနှင့်နှစ်ပေအကွာလောက်မှ ရှေ့ဆက်မတိုးတော့ပဲ ရပ်လိုက်သည်။

ထိုနေရာသည် ဂီတခန်း၊ပန်းချီခန်းနှင့်pcခန်းများ ဆက်တွဲလျက်ရှိသော ကျောင်းဆောင်၏ ဒုတိယအထပ်ဖြစ်သည်။ လက်တွေ့ခန်းတွေသာရှိပြီး စာသင်ခန်းမရှိသောကြောင့် တိတ်ဆိတ်နေကာ ပထမအထပ်က လေထုနှင့်အတော်ကွာခြားသည်။ သူတို့နှစ်ယောက် ဝင်လေထွက်လေအသံတောင် ကြားရမတက် ခြောက်ကပ်နေသည်။

တစ်ဖက်သို့ လှည့်နေသော ရီခီ၏ ကျောပြင်စတင်လှုပ်ရှားလာတော့ ဆောနူ စိတ်လှုပ်ရှားစွာ တံတွေးမြိုချမိသည်။

မျက်နှာချင်းဆိုင် တည့်တည့်လှည့်လာ‌ကာ ရီခီခြေလှမ်းတွေသည် သူ့ဘက်သို့ ဦးတည်ရှေ့တိုးလာသည်။ ဆောနူနောက်ဆုတ်မိမတတ် ဖြစ်သွားပေမယ့် ဟန်မပျက် နေရာတွင်တည့်တည့် တောင့်ကာရပ်မိသည်။

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now