521 79 9
                                    

ဒီနေ့က ဆောနူရဲ့ အထက်တန်းဒုတိယနှစ် စတက်ရမည့်နေ့ဖြစ်သည်။ တစ်နေ့ကထိတောင် မျက်စိရှေ့ထောက်နေသည့် နဖူးပေါ်မှ ဆံသားရှည်များသည် အခုတော့ အညိုရောင်မျက်ခုံးတန်းပေါ်တွင် တိုတိတိ။ ပဲများကာပုံဖော်စရာ မရှိတော့သည့် ဆံပင်လုံးလုံးကို ဆီအနည်းငယ်တင်၍သာ ဘီးဖြင့်ဖီးသင်လိုက်သည်။

မူကြိုကျောင်းသားပုံ ပေါက်နေသော ကိုယ့်ကိုကိုယ် မှန်ထဲတွင်ကြည့်ရင်း ဆံပင်ညှပ်မိတာ အမှားကြီးမှားပြီလားတွေးရင်း မျက်နှာချိုးမှိုတက်မိသည်။

ကျောင်းယူနီဖောင်းကို တစ်ချက်ပြန်ပြင်ရင်း စိတ်တိုင်းကျပြီဆိုကာမှ ညကတည်းက စာအုပ်စီထားသည့် ကျောင်းလွယ်အိတ်ကို ကိုင်ကာ ဆောနူ အောက်ထပ်ဆင်းလာလိုက်သည်။

"ဆင်းလာပြီလား... မနက်စာစားဖို့ခေါ်ထားတာကြာလှပြီ ဘာတွေအဲ့လောက်ပြင်နေတာလည်း"

"ပြင်လည်း မချောပဲနဲ့"

မီးဖိုချောင်မှ ကော်ဖီဖျော်ဆဲဖြစ်သော အမေ့အပြောကို ဘေးကဧည့်ထောက်ခံနေသည့် အမအား side eye တစ်ချက်ပေးပြီးသာ စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်သည်။

"အခုမှ ခုနစ်ခွဲပဲရှိသေးတယ်"

ထိုမျှပြော၍ စားပွဲတွင်အသင့်ရှိနေသော အမေ့လက်ရာ Curry နှင့်ထမင်းကို ပါးစပ်နှင့်အပြည့် တစ်လုပ်သွပ်လိုက်သည်။ အငွေ့တစ်ထောင်းထောင်းနှင့် တန်ပူရာဆီကြော်ကလည်း စားပါစားပါဟု လက်ယက်ခေါ်နေသလို ဗိုက်ဆာစေသည်။

"အဖေကသွားပြီလား.."

"အင်း၊ ကြာပေါ့"

လပ်တော့ကနေ မျက်လုံးမခွာ ဖြေသည့် အမစကားကို ဆောနူပါးလုပ်ပါးလောင်းနှင့် ခေါင်းတငြိမ့်ငြိမ့်တုံ့ပြန်လိုက်ရင်း အစားမပျက်။
ပုံမှန်အလုပ်သွားချိန်ထက် စောနေသော်လည်း အဖေကို မတွေ့ရသည့်အတွက်ကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"ဆောနူစံ ဆံပင်ညှပ်လိုက်တော့ မူကြိုကျောင်းသားလိုပဲနော်"

ကော်ဖီခွက်ကိုင်ကာ စားပွဲမှာဝင်ထိုင်လိုက်သည့် အမေက ဆောနူကိုကြည့်ရင်း ပြုံးစိစိဆိုသည်။

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now