249 41 24
                                    

မိုးကသည်းကောင်းနေပြီး ဆောနူတာကိုယကီဆိုင်၏ တံစပ်မြိတ်အောက် ပိတ်မိနေဆဲအခြေအနေပင်။ တံဆက်မြိတ်အစွန်ကနေ မြေကြီးပေါ်ခုန်ဆင်းနေသော မိုးပျောက်များက သူခြေဖမိုးပေါ်ထိ နယ်လာကျွံနေကြသည်။.

"ကျစ်၊ ဒီမိုးကလည်းကွာ"

ဆူညံနေဆဲမိုးသံကြားမှ တိုးထွက်လာသည့် ထိုအသံသည် ဆောနူဆီကမဟုတ်သော ဘေးဘက်ကသူဆီမှ ငြီးငြူသံစူးစူး။

ဆောနူနားထဲသို့ ကန့်လန့်လေးဝင်လာသည့် အသံဟာ သူဦးနှောက်ထဲတွင်မက နှလုံးသားထဲပါ အထပ်ထပ်အခါခါရစ်ပြီးနားထောင်ခဲ့ရသော အသံ၊ ဆောနူ သေချာမှတ်မိ‌နေသည်။ သို့သော်လည်း ဒီလောက်တိုက်ဆိုင်နိုင်တာ ဟုတ်ပါ့မလား သေချာအောင်ဆန်းစစ်ချင်သေးသည်။

လေထဲမှာကိုင်ထားလျက် ပုဝါအပြာစလေးကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်သည်နှင့်အတူ လေပူတစ်ချက်မှုတ်ထုတ်ရင်း သူ့စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်။ ဘေးကခြေထောက်ရှည်များနှင့် ဆောနူကြားမှာ မျက်လုံးပြူးနှင့်မလှုပ်ယှက်၊ကြောင်ဖြူကသာ ခြားထားသည်။

‌မိုးသက်လေက အ‌ရှေ့ဘက်ကနေ အေးစိမ့်စိမ့်၊တိုးတိုက်‌လာသည့်အခါ မိုးရိုက်သံတွေက တိုးလိုက်ကျယ်လိုက် လွန်ဆွဲလျက်။

ခေါင်းငုံ့ထား၍ပေါ်နေသည့် ဆောနူဂုတ်သားတွေပေါ် အဆက်မပြတ်လာစင်နေသော ရေစက်ပေါက်တွေရဲ့တရားခံသည် အပေါ်စီးကနေ မိုးစိုနေသည့်ဆံပင်တွေကို တဖျတ်ဖျတ်ခါနေသည့် ဘေးကသူကြောင့်ပင်။ စက္ကန့်ပိုင်းကပင် ဆောနူ သူထင်တာ၊မှားမမှားဆိုတာ သံသယအပြည့်နှင့် ခိုးကြည့်ပြီးခဲ့ပြီးဖြစ်သည်။ သူစိတ်ထဲ‌ထင်နေသည့်သူနှင့် ဒီလိုအ‌ခြေအနေကြီးမှာ မဆုံချင်ဘူးဟု စိတ်ထဲအကျယ်ကြီး တွေးမိ‌သော်လည်း ဆုတောင်းဟာမပြည့်လိုက်။

ခိုးကြည့်အပြီးတွင် စက္ကန့်မလပ် ‌ချောမောနေသည့် နီရှီမူရာရီခီ၏မျက်နှာအား မြင်တွေ့လိုက်ရသောအခါ ဆောနူမျက်နှာတစ်ချက်ရှုံ့မိရုံမှလွဲ ဘာမှမတတ်နိုင်ပေ။ မထင်မှတ်တဲ့အခြေအနေတွေမှာ၊ ဂယက်ထလာတတ်တဲ့ စိတ်ကြောင့် ဆောနူစိတ်ဒုက္ခရောက်ရသည်မှာအခါခါ။ သို့သော် ကျေနပ်သည့်စိတ်ကလေးကကပ်ပါနေသေးပြီး နှလုံးခုံနှုန်းက အရူးလို ကဆုန်ပေါက်နေ‌သည်။

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now