522 77 16
                                    

မြတ်နိုးရတဲ့ဆံနွယ်တွေဟာ ပိတ်စဖြူလေးလို ခပ်လွင့်လွင့်....။
အသက်ရှူကြပ်စေလည်း စွဲစွဲလမ်းလမ်းရှူရှိုက်မိတဲ့ ဆေးလိပ်တစ်ချောင်းလိုမျိုး...
နောက်ကျောပြင်လေးက တစ်လောကလုံးလိုလို... မျက်ဝန်းလေးတွေက ကိုးကွယ်ရာလိုလို
အော်.... တစ်ဖက်သတ်အချစ်ရယ်

....

ကျောင်းတွင်း မုန့်ဆိုင်တို့ ထမင်းစားခန်းတို့ သက်သက်မရှိသောကြောင့် ကိုယ်စီထမင်းဘူးများဖြင့်သာ စာသင်ခန်းနှင့် ကျောင်းဝန်းတွင်းစားရင်း နေ့လည်စာချိန် ကုန်ဆုံးကြသည်။ကျောင်းဝန်းအတွင်းက လူရှင်းသည့် တင်းနစ်ကွင်း၊ကြက်တောင်ကွင်းများက ခုံတန်းများအနား ရီခီတစ်ယောက်တည်း နေ့လည်စာစားဖြစ်သည်ကများသည်။ နေ့လည်စာကို စာသင်ခန်းအတွင်း သူစားဖြစ်သည်က အလွန်ရှားပါသည်။

"ရီခီကွန်"

ထမင်းဘူးဖွင့်ပြီးနောက် ပါးစပ်ထဲသွင်းခါနီးဆဲဆဲ လက်ထဲမှပုစွန်ဆီ‌ကြော်သည် လေထဲတွင်ရပ်တန့်သွားသည်။ ရီခီမော့ကြည့်လိုက်ပြီးသည့်အခါ အရှေ့ကသူမ၏အပြုံးက ပိုမိုထင်ရှားလာသည်။

"ဘာများ. . .?"

ရီခီစားကားမဆုံးသေးခင် ဘေးနားတိုးကပ်ပြီး ထိုမိန်းကလေးက ပိုင်စိုးပိုင်နင်းဝင်ထိုင်လာသည်။ အသားချင်းထိကပ်လာသည့်အခြေအနေမှာ ရီခီ ခေါင်းထက်က Headphoneကိုဖြုတ်ရင်း ကိုယ်ကိုဘေးဘက်သို့ ရွှေ့လိုက်မိသည်။ ဒါကအများပိုင်နေရာမို့ ဘယ်သူမဆို ထိုင်နိုင်တာ သိပေမယ့် ဒီလောက်ကြီးထိတိုးကပ်လာတာကျတော့ !

"ငါဒီမှာထိုင်လို့ရတယ်မလား"

ထိုင်ပြီးမှ ခွင့်ပြုချက်တောင်းယောင်ပြောသည့် စကားကြား ရီခီ‌ ပြန်ပြောဖို့စွန့်အသွားခဲ့ပြီး အလျင်အမြန်ထမင်းဘူးကိုပိတ်လိုက်ကာ ထိုင်ရာမှထလိုက်သည်။

"ရီခီကွန် ဘယ် ဘယ်သွားမလို့တုန်း"

"ထိုင်ပါ၊ ငါကပြီးပြီ"

𝗦𝗣𝗥𝗜𝗡𝗚 𝗠𝗘𝗟𝗢𝗗𝗬 • 𝖲𝖴𝖭𝖪𝖨Where stories live. Discover now