Unicode
" မင်း ဒီည ကိုယ်နဲ့ one night stand နေပေးလို့ ရမလား?"
"ဘာ!"
Tae Hyungက အံ့သြတာရော၊ ဒေါသထွက်တာရော ပေါင်းပြီး 'ဘာ'ကို အသံကျယ်ကျယ်နဲ့ အော်မိသွားတယ်။ မျက်နှာကလည်း အနေအထားပျက်ယွင်းပြီး အသက်ရှူတွေပါ မြန်နေတော့တာ။
" မင်း ကိုယ်နဲ့ one night stand နေပေးလို့ ရမလားလို့"
ထိုလူကြီးက သူ မကြားလို့ ပြန်မေးသည်များ ထင်၍လားမသိ၊ ထိုစကားကို ထပ်ပြောပြန်သည်။ ရှက်လည်းရှက်၊ မာနထိခိုက်သလိုလည်း ခံစားရသည်ကြောင့်
ခွပ်!
"ခင်ဗျားက အတော့်ကို စိတ်တိုစရာကောင်းတဲ့ လူပဲ"
"ကိုယ်သိပါတယ် မင်းကလည်း အတော့်ကို လက်စပြင်းတဲ့ ကောင်လေးပဲ"
Jungkookက ရယ်သွမ်း သွမ်း၍ ပြောကာ ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ထည်ကို ခပ်အေးအေး ဆွဲထုတ်လိုက်၏။အကောင်းစားချည်ဖြင့် ရက်လုပ်ထားသော ထိုလက်ကိုင်ပုဝါစလေးက နူးညံ့သလို စျေးလည်းမြင့်၏။
ထို့နောက် အထိုးခံရသဖြင့် အရေပြား အနည်းငယ် ပေါက်လန်သွားပြီး သွေးထွက်နေသော နှုတ်ခမ်းထောင့်ကို ဖိသုတ်လိုက်တယ်။
Tae Hyung သည် ဒေါသကြောင့် အသက်ရှူသံတွေ ပို,ပိုပြီး ကျယ်လောင်နေကာ ရင်ဘတ်တစ်ခုလုံးက နိမ့်ချည်မြင့်ချည်။
လူကြီးလူကောင်းလို့ သူ ထင်ထားခဲ့သော Jungkook ရဲ့ ပါးစပ်မှ ထိုကဲ့သို့သော စကားမျိူး ထွက်လာမည်ဟု သူ လုံးဝ မထင်ထား။စကားလေးတစ်ခွန်းကြောင့် အိမ်မက်မှ လှုပ်နိုးလာသော လူတစ်ယောက်နှယ် သူသည် ဆတ်ဆတ်ခါ၍ လှုပ်လှုပ်ရှားရှား။
"ခင်ဗျားကို ကျွန်တော့်သူငယ်ချင်းရဲ့ အကိုမို့လို့ ဒီလောက်နဲ့ပဲ ရပ်ပေးလိုက်တာ"
Tae Hyung ၏ လက်များက တုန်ရီနေတော့တယ် ။ အံကြိတ်ထားတာမို့ သွယ်တန်းနေသော မေးရိုးလေးကလည်း တလှုပ်လှုပ်။
"အိုး! ဟုတ်ပါပြီ။ အမှန်တိုင်းပြောရရင် မင်းကို စတွေ့တဲ့ ပါတီညပြီးကထဲက ကိုယ် မင်းကိုပဲ နေရာတိုင်းမှာ မြင်ယောင်နေမိခဲ့တာ"
![](https://img.wattpad.com/cover/323708350-288-k95669.jpg)