Unicode
ဒီနေ့လည်း Tae Hyungရဲ့ဆိုင်ကို ထိုလူရောက်လာပြန်သည်။ ဒီလိုမျိူး လက်ဆောင်တစ်ခုပြီးတစ်ခု ယူလာ၍ မနက်ခင်းတိုင်း ဆိုင်သို့ ရောက်,ရောက်လာတတ်သည်မှာ ဒီနေ့နဲ့ဆို တစ်ပတ်လောက်ရှိပြီထင်သည်။
ဒီတစ်ခါကတော့ Gucciက နောက်ဆုံးထွက်ထားသည့် ခါးပတ်အနက်ရောင်လေးကို Tae Hyung အတွက် ယူလာ၏။
" မင်းက Gucciက ပစ္စည်းတွေကို ကြိုက်တတ်တယ်ဆိုလို့ "
" ဒီမှာ ! ခင်ဗျားသိအောင် ထပ်ပြောလိုက်ဦးမယ်။ ဒီလိုမျိူးတွေ လာပေးနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ အရင်လူတွေကို ဒီလိုနည်းနဲ့ သိမ်းသွင်းခဲ့လားမသိပေမယ့် ကျွန်တော့်ကိုတော့ ဒီလိုတွေ ထပ်မလုပ်နဲ့ "
" ကိုယ် မင်းကိုပဲ သိမ်းသွင်းဖူးတာ.. ပြီးတော့ ဒါတွေက ကိုယ် လိုချင်တာရှိလို့ အကြို လာပေးနေတာမျိူး လုံးဝ မဟုတ်ဘူး။ မင်းကြိုက်တတ်တာလေးတွေ ကိုယ် ဝယ်ပေးချင်တယ်။ အဲ့သလောက်ပဲ ကိုယ် တွေးထားပါတယ် "
" ဆိုင်ရဲ့ ညာဘက်ထောင့်ကို ကြည့်လိုက်.. ခင်ဗျားပေးထားတဲ့ ပစ္စည်းတွေ ပုံထားတာ။ ဒီ ခါးပတ်လည်း အဲ့နေရာပဲ ရောက်သွားမှာပဲ။ ကျွန်တော် ခင်ဗျားပေးတာတွေကို သုံးမှာမဟုတ်ဘူး "
" ပေးဖို့က ကိုယ့်တာဝန်.. သုံးတာ၊ မသုံးတာက မင်းအပိုင်းပါ "
ပြောပြီးတာနဲ့ Jungkook က လက်မှာ ပတ်ထားတဲ့နာရီကို ပင့်ကြည့်လိုက်တယ်၊ ဒီနေ့က သူ့အတွက် အလုပ်မှာ အရေးကြီးတဲ့ နေ့တစ်နေ့။ စာချုပ်ချုပ်စရာ ၂ ခု ရှိတဲ့အပြင် အရေးကြီး meetingတစ်ခုလည်း ရှိသေးတာ။
ဆိုင်က ဝန်ထမ်းကောင်မလေး အမဟန်နာက Tae Hyung အနားသို့ လျှောက်လာပြီး
" ဘော့စ်လေး..ကော်ဖီစေ့ဝယ်မယ်ဆိုရင် ဒီအချိန်လောက်သွားမှ ဖြစ်မယ်ထင်တယ်။ အပြန် နောက်ကျမှာစိုးလို့ "
" ဟုတ်သားပဲ၊ အမဟန်နာပြောမှပဲ သတိရတော့တယ်။ ကျွန်တော် ခနနေ သွားတော့မယ် "
မြို့ထဲက ကော်ဖီစေ့တွေက ကြာလေ၊ အရည်အသွေးညံ့လေမို့ ဒီတစ်ခေါက်တော့ မြို့ပြင်က ကော်ဖီခြံမှာ ကိုယ်တိုင်ကိုယ်ကျ သွားဝယ်မည်ဖြစ်ကြောင်း Tae Hyungက အမဟန်နာကို ပြောထားခဲ့တာ။ မြို့ပြင်အထိ သွားရ၊ ပြန်ရမှာမို့ ဒီအချိန်လောက်ကထဲက သွားမှ အဆင်ပြေမည်လေ။
