2

2K 204 46
                                    

Unicode

ဒီနေ့က တနင်္လာနေ့။

ရုံးဖွင့်ရက်ရဲ့ နေ့လည်ခင်းအချိန်တွေဆို Tae Hyungရဲ့ ကော်ဖီဆိုင်လေးသို့ လူသိပ်လာလေ့မရှိ။

မနက်ပိုင်း၌ ရုံးအတွက် ကော်ဖီဝင်ဝယ်ကြသူများနှင့် ညနေပိုင်း၌ ရုံးကအပြန် အေးအေးဆေးဆေး chill ချင်သူ‌တွေတော့ အတော်လေးများသည်။အခုလို နေ့လည်ဘက်ဆို လူသိပ်မရှိ။

ပိတ်ရက်တွေဆိုလျှင်တော့ အတော်လေးလူကျလေ့ရှိသည်။

ချစ်သူစုံတွဲတွေ၊ ဓာတ်ပုံလှလှရိုက်ချင်ကြတဲ့ကောင်မလေးတွေ၊ Laptopယူပြီး စာလာလုပ်ကြတဲ့ ကျောင်းသားတွေ၊ ကော်ဖီအရသာ ကောင်းကောင်း ခံစားချင်ကြတဲ့ လူလတ်ပိုင်းအရွယ်တွေ စသဖြင့် ပိတ်ရက်များဆိုလျှင် ထိုင်ခုံတွေအကုန် လူပြည့်နေတတ်သည်။

Tae Hyung ရဲ့ ကော်ဖီဆိုင်လေးက မြို့လယ်ခေါင်၊ အချက်အချာကျသော နေရာ၌ ဖြစ်သည်။အရမ်းလည်းမကျဉ်းသလို အရမ်းလည်းမကျယ်။

မှန်ကြီးကြီးတွေကို များများသုံးထားတာမို့ အပြင်က လူတွေကို ကောင်းကောင်းမြင်ရသည်။

အညိုရောင်ကြိုက်သူမို့ ဆိုင်ကို အညိုရောင်များများသုံးထားသည်။ဆိုင်နာမည်ကတောင် Browny Cafe။

စားပွဲခုံကလည်း အညိုရောင်၊ ထိုင်ခုံတွေကလည်း အညိုရောင်၊ခန်းဆီးစကလည်း အညိုရောင်၊ ကြမ်းခင်းကလည်း အညိုရောင်၊ ဝန်ထမ်းတွေရဲ့ ယူနီဖောင်းကအစ အညိုရောင်။

ဆိုင်ထဲကို ဝင်လိုက်သည်နှင့် အညိုရောင်ကမ္ဘာတစ်ခုထဲသို့ ရောက်သွားသည့်နှယ်။

Classic သီချင်း ငြိမ့်ငြိမ့်ညောင်းညောင်းလေးကလည်း ဆိုင်အတွင်း၌ တိုးဝှေ့ ပျံ့နှံ့နေလျက်။

မြို့လယ်ခေါင်၌ နေရာယူထားသော ကော်ဖီဆိုင်လေးဖြစ်သည်ကြောင့် အပြင်၌ ကားသံများက တဟုန်းဟုန်း ညံစီနေပါသော်လည်း Tae Hyung ရဲ့ ဆိုင်လေးထဲသို့ ဝင်လိုက်လျှင်တော့ သီးခြားရပ်ဝန်းလေးတစ်ခုသို့ ရောက်ရှိသွားသည့်နှယ်။

Tae Hyungသည် လူသိပ်မရှိသော အချိန်၌ သူ ထိုင်နေကျနေရာဖြစ်သော မှန်ဘေးက ခုံတစ်ခုံမှာ ထိုင်ရင်း အပြင်ဘက်သို့ လှမ်းကြည့်နေသည်။

Anti- RelationshipWhere stories live. Discover now