Unicode
အပြန်လမ်းတစ်လျှောက် ကားပေါ်၌ အလွန်တိတ်ဆိတ်နေသည်။ လမ်းမှာ ခေါ်လာသည့် ခွေးလေးကလည်း Tae Hyung ရဲ့ ပေါင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျက်။
Tae Hyung က ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ငေးနေသည်။ ကောင်းကင်ယံ၌ တိမ်များက အနည်းငယ် မည်းမှောင်နေကာ မိုးရွာချတော့မည့်အလားအလာများ။
မနက်စာပဲ စားလာခဲ့သည်မို့ Tae Hyung အနည်းငယ်တော့ ဗိုက်ဆာနေလေပြီ။ မြို့ထဲသို့ ပြန်ရောက်ဖို့ကလည်း လိုသေးသည်မို့ ဗိုက်ဆာလည်း အစ်အောင့်ထားရုံသာ။သို့သော်လည်း
" ဂွီ"
စားဖို့ပဲသိ၊ အလိုက်မသိတတ်သော ဗိုက်က တိတ်ဆိတ်ငြိမ်သက်နေသော ကားထဲ၌ ကျယ်လောင်စွာ အသံမြည်လာကာ Tae Hyung ကို အရှက်ခွဲလေပြီ။
ပေါင်ပေါ်မှာ အိပ်နေသည့် ခွေးကလေးကပါ ဇတ်ခနဲ လန့်နိုးပြီး Tae Hyung မျက်နှာကို မော့ကြည့်လာ၏။Tae Hyungသည်လည်း အရှက်ပြေ ခွေးကလေးခေါင်းကိုသာ ဖွဖွပွတ်ပေးလိုက်၏။
" ဘေဘီ..ဗိုက်ဆာနေပြီလား "
" အင်း..ဗိုက်ဆာလိုက်တာ ။ ခင်ဗျားမှာ အပိုဆောင်ထားတဲ့ အဆာပြေမုန့်တွေဘာတွေများ မရှိဘူးလား။ ဒါမှမဟုတ် Milo ဘူးလေးတွေပဲဖြစ်ဖြစ် "
" ကိုကို့ရုပ်က Miloသောက်မယ့်ရုပ်လား"
Jungkook အနေဖြင့် သူ့အသက်အရွယ်က ကလေးကလား Miloဘူးကို သွားလေရာ ဆောင်ထားပြီး အဆာပြေထုတ်သောက်မည့်အရွယ် မဟုတ်တော့သည့်အကြောင်း။
သို့သော်လည်း ထိုသို့ပြောမှပဲ Tae Hyungမှာ တခြားတစ်ခု မြင်ယောင်မိရတော့သည်။ Suitနဲ့ အသေအချာ မိမိုက်နေသည့် လူက Miloဘူးလေးကို ပိုက်တပ်ပြီး တပြွတ်ပြွတ်စုပ်သောက်နေမည့်ပုံကို မြင်ယောင်မိတော့ Tae Hyung မှာ လက်ဖဝါးလေး ပါးစပ်အုပ်ပြီး ခွိခနဲ ရယ်မိတော့သည်။
" ဘာရယ်စရာပါလို့လဲ ဘေဘီရဲ့ "
" ဘာမှမဟုတ်ပါဘူး "
Tae Hyung က မလုံသလို မျက်နှာပိုးသတ်လိုက်၏။
" ပြောပြ.. ကိုကို သိချင်တယ်"
" ဘာမှအရေးကြီးတာလည်း မဟုတ်ပဲနဲ့ "
" အရေးကြီးတယ်။ ဘေဘီနဲ့ ပတ်သက်တာအကုန် ကိုကို သိချင်တယ်။ ခစ်ခနဲ ရယ်လိုက်တဲ့ အကြောင်းလည်း သိချင်တယ်။ ရယ်လိုက်ပြီးမှ မျက်နှာပိုးလေး သတ်သွားရတဲ့အကြောင်းလည်း သိချင်တယ် "
