Unicode
" ခင်ဗျားကားက ကားအကောင်းစားလို့မပြောရဘူး..စီးရတာ ငြိမ့်နေရောပဲ "
Tae Hyungက ပြောလည်းပြော၊ ခေါင်းကို ကားနောက်မှီပေါ်ကိုလည်း ဇိမ်ကျကျမှီကပ်လိုက်သေးတယ်။ သူတို့က အခု ကော်ဖီခြံကို သွားနေတဲ့ လမ်းမှာပဲ ရှိသေးတယ်၊ မြို့ပြင်အထိတောင် မရောက်သေး။
ငြိမ့်ငြောင်းတဲ့ ကားပေါ်မှာ Tae Hyungရဲ့ မျက်လုံးလေးများက ဇိမ်ကျကျ ငိုက်စင်းစင်း။ Tae Hyungတို့မိသားစုကလည်း ငွေကြေး အတော်အသင့် ရှိပေမယ့် အခုလိုမျိူး ဇိမ်ခံပစ္စည်းတွေအတွက် သုံးရတာမျိူးကို Tae Hyungက သိပ်ဘဝင်မတွေ့လှဘူး။
ဘဝကို ရိုးရှင်းစွာနေထိုင်ရတာကိုပဲ သူ သဘောကျတာ။ကားဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ် တခြား ဘာပစ္စည်းပဲဖြစ်ဖြစ် တော်သင့်ရုံလောက် ဝယ်ပြီး စနစ်တကျ သုံးစွဲတတ်တယ်။
နောက်ဆုံးပေါ်တွေ လိုက်ဝယ်ရတာမျိူးက သူ့အကြိုက်မဟုတ်ဘူး။ ဇိမ်ခံပစ္စည်းတွေ ဝယ်မယ့်အစား တစ်နေရာရာကို လှူပစ်လိုက်ရတာမျိူးက သူ့ကို ပိုပြီး စိတ်ချမ်းမြေ့စေတတ်တာ။
" မင်း ဒီကား ကြိုက်လို့လား? ကိုယ် မင်းအတွက် တစ်စီးမှာပေးမယ်လေ။ ဒီကားက သုံးစီးပဲ ရှိတာ။ နောက်ဆုံးတစ်စီးကျန်သေးတယ်လို့ ကိုယ်ကြားထားတယ်။ အဲ့တစ်စီးကို မင်းအတွက် မှာပေးမယ်လေ "
Tae Hyungက မျက်ခုံးလေးတွန့်ပြီး Jungkookကို လှမ်းကြည့်တယ်။မသိရင် ကစားစရာ အရုပ်ဝယ်ပေးသလိုမျိူး ဒီလူက ရက်ရက်ရောရောကို ပေးမယ်ပြောနေတာ။
" ဘေဘီက ကိုယ့်ကို မယုံဘူးပဲ၊ ခနလေး! ကိုယ်အခု မှာပေးမယ် "
ဖုန်းကို လှမ်းယူပြီး အတည်ပေါက် ချက်ချင်းကြီး ကား မှာပေးတော့မယ့်လူကြီးကြောင့် Tae Hyungလည်း ပြာပြာလဲလဲနဲ့
" မယူချင်ပါဘူးဗျာ။ ခင်ဗျား ဘာဖြစ်နေတာလဲ? ကျွန်တော်က ဒီတိုင်း စီးလို့ကောင်းတယ်လို့ ပြောမိလိုက်တာ။ ဒီကားမျိူးလည်း မလိုချင်ပါဘူး။ ကျွန်တော့်ကားလေးပဲ ကျွန်တော်ကြိုက်တယ် ။ အကောင်းစားမဟုတ်တောင် စီးလို့ရရင် ကျွန်တော့်အတွက် လုံလောက်တယ် "
