Unicode
နောက်တစ်ရက်ကျ နေကြာပန်းစည်းကြီးကို ကိုင်ကာ Tae Hyungရဲ့ ဆိုင်ထဲ ရောက်လာပြန်သည့် ထိုလူကြီး။
Tae Hyung က ခေါင်းမော့၍ မကျေမနပ် လေပူတစ်ချက် မှုတ်လိုက်မိ၏။
မနေ့က တစ်ချက်ပဲ ထိုးမိလိုက်လို့ ဒီလူက အသိတရား မရသေးတာလား? သူ့ လက်သီးကပဲ ပျော့နေလို့များလား?
Tae Hyungထိုင်နေတဲ့ စားပွဲအထိ တစ်လှမ်းချင်း ခပ်မြန်မြန်လျှောက်လာကာ ထိုပန်းစည်းကို ထိုးပေးပြီး
"မင်းက နေကြာပန်းတွေကို သိပ်ကြိုက်တယ်ဆိုလို့"
နေကြာတွေကို သိပ်ကြိုက်တာ မှန်ပါတယ်။ ကိုယ် သဘောကျရတဲ့လူက ကိုယ် သဘောကျရတဲ့ပန်းကို တယုတယ လာပေးတာမျိူးက ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်မလဲ? အခုတော့ သူ့ကို one night standဖို့ ပြောထားတဲ့လူက လာပေးတာမို့ ထိုနေကြာပန်းကို မကြိုက်ချင်တော့။
Tae Hyungက ထိုင်နေလျက်ဖြစ်ပြီး ထိုလူကြီးက ဘေးမှာလာရပ်နေသည်မို့ အတော်လေး မြင့်နေသည့် ထိုလူကြီးကို ခေါင်းမော့ကြည့်ရင်း
"ခင်ဗျားကို ကျွန်တော့်ဆိုင် ထပ်မလာဖို့ မနေ့က ပြောထားတယ် မဟုတ်ဘူးလား? ခင်ဗျား ဦးနှောက်မကောင်းဘူးလား? "
အကြီးကို အကြီးမှန်း မသိပဲ ရိုင်းပြသည့်အလုပ်မျိူးကို Tae Hyungက လုံးလုံးမှ မလုပ်တတ်ပါသော်လည်း ဒီလူ့ကို မြင်လေတော့ မာနထိခိုက်သလို ခံစားရကာ ဒေါသက ရှေ့ရောက်တော့တယ်။
သူ့ရဲ့ ဟောင်ပွာပွာ စကားတွေအား ထိုလူက မမှုသည့်နှယ် ပြုံးစစဖြင့်
"ကိုယ်က ဒီဆိုင်လေးကို ထပ်လာချင်လို့"
"ဘာလာလုပ်တာလဲ ခင်ဗျားက..ဒီမှာ ခင်ဗျားကို ကြိုဆိုတဲ့လူ ဘယ်သူမှမရှိဘူး "
ကြိုဆိုတဲ့လူ ဘယ်သူမှ မရှိဘူးဆိုတဲ့ စကားက သိပ်တော့ မမှန်ချင်သလို၊ ဘာလို့ဆို ဆိုင်ထဲက အမဟန်နာ အပါအဝင် ဝန်ထမ်းမလေးများက ထိုလူကြီးကို ဆိုင်ထဲဝင်မလာခင်ကထဲက ရင်ခုန်စွာ ကြည့်နေကြသည်များ ပြုံးလို့ဖြီးလို့။
Tae Hyung တစ်ယောက်ထဲကသာ ထိုလူကြီးကို ရစရာမရှိအောင် ကုတ်ဆွဲပစ်ချင်နေတာ။
