အပိုင်း ၅

13.5K 495 8
                                    

Unicode

"ဒေါ်ပုလုံး"

"အမလေး ပလုတ်တုတ် အဲ့နားလေးမှာ အားလုံးပြုတ်"

"ဟား ဟား ဟား ဒါယောင်တာလား"

"အကောင်စုတ် သူများရုံးခန်းထဲဝင်ရင် တံခါးခေါက်လေ"

"ခေါက်တာပဲ အော်နေတာလည်း ကြာလှပြီ ကြားမှမကြားတာ.. အလုပ်ကိုအာရုံစိုက်နေတယ်မှတ်တာ လက်စသတ်တော့ အဆင်လေးတွေငမ်းနေတာကိုး ဒါကြောင့် မျက်နှာက ပြုံးပြုံးကြီးဖြစ်နေတာ"

ကြည့်နေတဲ့ MV ကိုပိတ်ပစ်လိုက်ပြီး မျက်စောင်းလှည့်ထိုးလိုက်တော့ စပ်ဖြဲဖြဲရုပ်နဲ့ ရှေ့ကခုံပေါ် ဝင်ထိုင်သည်။ ဒီတစ်လကျော် အတွင်း သူနဲ့ကိုယ်ရင်းနှီးသွားတာ တစ်ယောက်နဲ့ တစ်ယောက်ပြောမနာဆိုမနာတွေကိုဖြစ်လို့.. မရင်းနှီးမှလည်းနေရော.. အားတိုင်းအနားလာပြီး စလိုက်နောက်လိုက်လာလုပ်နေတာကိုး... သူရှေ့ဆက်မယ့်လမ်းက ဘာလည်းဆိုတာ သိနေပေမယ့် သူကလည်း တစ်ခါတစ်လေ ဂရုစိုက်ပြတာကလွဲရင် ပေါ့ပေါ့ပါးပါးပဲ ပြောဆို ဆက်ဆံတဲ့အတွက် ကိုယ်လည်း မသိချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းပဲ ဆက်ဆံနေလိုက်သည်။ ကိုယ်တွေအရွယ်က ကိုယ့်ကိုလာကြိုက်နေတဲ့သူရှေ့ရောက်ရင် ဘာလုပ်ရမှန်းမသိပဲ ရှက်နေရမဲ့အရွယ်မှမဟုတ်တော့တာ..

"ဘယ်တုန်းကပြန်ရောက်တာလဲ"

"ခုပဲလေ... ဒေါ်ပုလုံးက ဇီးတော်ဖီစားချင်တယ်ဆိုလို့ တစ်ခါတည်းဝင်ပို့တာ"

"အရေးတကြီးမှ မဟုတ်တာ.. နောက်ရက်မှပေးလည်းရတာပဲ"

"ခုပေးချင်လို့ပေါ့"

"အေး အေး ကျေးဇူးပဲ"

"ကျေးဇူးတင်ရင် မုန့်လိုက်ကျွေး"

"ခုလား ငါမအားသေးဘူး"

"ဘာကိုမအားတာလဲ youtube ကြည့်နေပြီး"

"ပန်းစည်းလုပ်ရဦးမှာ ပန်းတွေရောက်မလာသေးလို့ စောင့်နေတာ"

"တစ်စည်းတည်းမလား.. ရတယ် စားဖို့လည်း စောနေသေးတာပဲ စောင့်မယ်"

"အိမ်မပြန်ဘူးလား"

"အိမ်က ဘယ်ချိန်ပြန်ပြန်"

ရှိသည် ဖြစ်သည် ချစ်သည်Where stories live. Discover now