အပိုင်း ၄

14.3K 506 14
                                    

Unicode

"စားပွဲက ဒီဘက်ကိုနည်းနည်းတိုး... ရပြီ ရပြီ"

"အဲ့ ပန်းခြင်းက ဟိုဘက်မှာ ချရမှာ"

"ဒီပုဝါစ သေချာချည်ဦး ပြုတ်တော့မယ်ထင်တယ်"

ကိုစွမ်းကောင်းမှုနဲ့ မနက်စောစော မိုးပြည့်တစ်ယောက် ပျာယာခက်နေရတော့သည်။ ခဏနေ  wedding အတွက်ပြေးလွှားရဦးမည်။ ခန်းမကလည်း မနက်ခင်းပွဲရှိလို့ မနက်ပွဲပြီးတဲ့အချိန် နေ့လည် မစခင် စပ်ကြား အပြေးအလွှားပြင်ဆင်ရမှာမို့ အချိန်မီမပြီးမှာ ပူပန်နေရသည်။

တီ တီ တီ..

"မယု ဝတ်စုံက ရပြီလား"

"........"

"၉နာရီတော့ အရောက်ပို့ပေးလေနော်... ခန်းမ မဝင်ခင် ဓာတ်ပုံရိုက်ရဦးမှာ.... စိုင်းဇေက ၁၀နာရီ ဟိုတယ်ကိုသွားမယ်ပြောထားတယ်.. သူမလာခင် ဝတ်စုံအပြီးဝတ်ချင်လို့"

"......."

"ယုံပါတယ်.... တို့အစ်မကြီးကို... ချစ်တယ်.. အာဘွား... ခဏနေတွေ့မယ်.... အင်း"

အမြဲလိုလို ပွဲမတိုင်ခင် နာရီပိုင်းအလိုမှ သူ့ဝတ်စုံကိုစိတ်တိုင်းကျချုပ်လို့ ပြီးတဲ့ မယုဆီကို ဖုန်းဆက်ပြီးလောရသေးသည်။ ပြီးတော့ တစ်ဖက်မှာ ပြင်ဆင်နေတဲ့ သီတာဆီကိုဖုန်းခေါ်လိုက်ရင်း

"သီတာ လုပ်ရမယ့်ဟာတွေပြီးပြီလား.. လိုတာတွေတစ်ခါတည်း အဆင်သင့်ပြင်ထားနော် ငါခဏနေသွားတော့မှာ.... ပွဲကကပ်နေတော့ မြန်မြန်လုပ်မှရမှာနော်... အတိမ်းအစောင်းရှိလို့မရဘူး"

"...."

"အေးပါ အဲ့ဆို ဟိုတယ်မှာတွေ့မယ်"
..
..

"အမလေး စောက်ပလုတ်တုတ်"

ဖုန်းပြောပြီး ဒီဘက်ကိုအလှည့် မြင်လိုက်ရတဲ့ မျက်နှာကြောင့် လန့်ဖြန့်ကာ ယောင်မိသွားတဲ့ ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်ရသည်။
ပြုံးတုံ့တုံ့မျက်နှာနဲ့ စိုက်ကြည့်နေတဲ့ နှံပြည်စုတ်

"အသံလေးဘာလေးပေးလေ လန့်လိုက်တာ"

​"ပေးတယ်လေ ကြားမှမကြားတာ"

"ကြားအောင် အော်ပေါ့ တကယ်ပါပဲ"

မျက်စောင်းလေးထိုးကာ ပွစိပွစိပြောနေတဲ့ လူသေးသေးလေးကို ကြည့်ရင်း

ရှိသည် ဖြစ်သည် ချစ်သည်Opowieści tętniące życiem. Odkryj je teraz