အပိုင်း ၃၉

15.3K 388 14
                                    

Unicode

"ပြီးပြီလား breakfast လာပို့သွားပြီ"

"အင်း သွားမယ်လေ"

မှန်တင်ခုံရှေ့ကနေ လှည့်ထွက်မယ်ပြင်လိုက်တဲ့ မိုးပြည့်လက်ကို ဆွဲထားလိုက်ပြီး

"ခဏလေး မြန်မာဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ မိန်းမကို ကြည့်ဦးမယ်"

"အဟင်း.. ဘုရားသွားရမှာမို့လို့ ဝတ်လာတာ လုံချည်ကြီးနဲ့ စက်လှေအတက်အဆင်း အဆင်ပြေပါ့မလားမသိဘူးနော်"

ပိတ်ဖောက်ဇာ လိမ္မော်ရောင်လေးကို ချည်ဂျိတ်လိမ္မော်ဆင်လေးနဲ့ ဝတ်ထားတဲ့ မိုးပြည့်ကို သဘောတကျနဲ့ စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကို ရင်မဆိုင်နိုင်တော့စွာဖြင့် အနေရခက်စွာ ရယ်ပြီးပြောလိုက်တော့ မိုးပြည့် ပခုံးလေးကိုဖက်ကာ အခန်းရှေ့ထွက်လာခဲ့ပြီး ထိုင်ခုံမှာထိုင်စေရင်း

"စိတ်မပူပါနဲ့ လှေပေါ်အတက်အဆင်းကို ကျွန်တော် ပွေ့ချီမှာပေါ့"

"ကလေးလည်းမဟုတ်ပဲ အဲ့လိုကြီးကျဘယ်ကောင်းမှာလဲ"

"ဘာလို့မကောင်းရမှာလဲ ကျွန်တော့်မိန်းမက ကျွန်တော့်ကလေးလေးပဲ"

စကားပြောရင်း မိုးပြည့်ရှေ့မှာရှိတဲ့ ရှမ်းခေါက်ဆွဲပန်းကန်ကို ဆွဲယူပြီး နယ်ပေးကာ မိုးပြည့်ရှေ့ပြန်ချပေးပြီး ဟင်းရည်ပန်းကန်အချဉ်ပန်းကန်တွေကို တိုးပေး ကော်ဖီထည့်ပေးနေတဲ့ သူ့ကို မေးထောက်ကာငေးနေမိသည်။ လူတစ်ယောက်ကို တစိမ့်စိမ့်ကြည့်ပြီး ချစ်တယ်ဆိုတဲ့ စကားကို အရင်ကမယုံခဲ့ပေမယ့် သူ့ကိုချစ်မိပြီးတဲ့နောက် သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်လေ ချစ်တဲ့စိတ်တွေက တားမရဆီးမရ ဝင်လာလေဖြစ်နေတော့သည်။

"စားလို့ရပြီ... ဘာလို့ကြည့်နေတာလဲ"

"ချစ်လို့"

"ဟား...."

မိုးပြည့်အပြောကို shock ရသွားသလိုပုံဖြင့် ရင်ဘက်ကိုလက်နဲ့ဖိကာ တအံ့တဩရေရွတ်လိုက်တဲ့ ကောင်လေးကိုကြည့်ရင်း သဘောတကျပြုံးလိုက်ကာ သူ့ရှေ့ကပန်းကန်ကို ဆွဲယူလိုက်ပြီး နယ်ပေးနေလိုက်သည်။

"ခဏတိုင်းကြားနေရတယ်ဆိုပေမယ့် 'မ' ဆီက ချစ်တယ်ဆိုတဲ့စကားလေးကြားလိုက်ရတိုင်း ရင်ထဲ တဒိတ်ဒိတ်ခုန်နေတုန်းပဲ.. ခုလိုလေး ကြည့်ပြီးပြောတဲ့အခါမျိုးဆို နှလုံးခုန်ရပ်သွားမလားတောင်ထင်ရတယ်"

ရှိသည် ဖြစ်သည် ချစ်သည်Donde viven las historias. Descúbrelo ahora